(58)...Uni+Zg

312 38 10
                                    

"အဆင်ပြေရဲ့လား အိုင်ဗန် "

သူ့ဘေးနားက ဆိုဖာခုံမှာ ခြေပစ်လက်ပစ်လှဲထိုင်လိုက်သည့် အိုင်ဗန့်ကို ယူရီရယ်မေးလိုက်ခြင်းဖြစ်သည်။

"အဆင်ပြေတာလား မပြေတာလားကို မပြောတတ်ပါဘူးကွာ ပိုးပိုးက ငါနဲ့ စကားပြောဖို့ကို ရှောင်နေတာ မင်းဘယ်လိုလုပ် သူ့အစ်ကိုနဲ့ ချစ်သူတွေဖြစ်သွားတာလဲ စဉ်းစားလို့ကို မရဘူး အဲ့ဒီနှစ်ယောက် သိပ်ခေါင်းမာတယ် "

"ပြီးတော့ မာနလဲကြီးတယ် "

ပြောပြီးနှစ်ယောက်သား စိတ်လိုလက်ရရယ်မောမိကြသည်။ ခဏ ကြာတော့ အိုင်ဗန်က တခုခု အကြံရသွားသည်ထင်...

"ငါ သွားတော့မယ် ဒီလိုနေလို့တော့ မရဘူး တခုခုထပ်လုပ်မှ ဖြစ်မယ် "

"အင်း အဆင်ပြေပါစေ ငါ့ကောင်ရေ"

"မင်းရောပဲ ဒီလိုနေမနေနဲ့ မင်းလူကြီးဆီလိုက်မသွားဘူးလား "

"တနေ့နေ့ပေါ့ကွာ "

အိုင်ဗန်ထွက်သွားတော့မှ သူ လည်းအတွေးများစွာဖြင့် ကျန်ရစ်ခဲ့သည်။

လွမ်းလိုက်တာ ကိုကိုရယ်

ကိုယ်ကချည်း အလျှော့ပေးခဲ့ရတာမဟုတ်သော်လည်း ဒီတခါတော့ မာနတွေမထားချင်။ ကိစ္စတွေပြီးရင်းတော့ ကိုကို့ဆီအရောက်လာခဲ့ပါ့မယ်။

အခု သူနဲ့ အိုင်ဗန် အတူတူပေါင်းပြီး အလုပ်ရုံ တခုဖွင့်ထားသည်။ ကိုယ်ပိုင် လုပ်ငန်းလေးလုပ်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မယ့် တနေ့ တော့ အရာအားလုံးကို လွှတ်ချပြီး ချစ်ရသူထံ အရောက်သွားပါမည်။

"မောင်လေး "

အတွေးများနေတုန်း အစ်မဖြစ်သူနဲ့ တူလေးသူ့နားရောက်လာသည်။ ကလေးက အခုဆို ကျောင်းစတက် နေပြီဖြစ်သည့်အပြင် အစ်မကလည်း အခု အခြေတကျဖြစ်နေပြီမို့ သူ စိတ်အေးရသည်။

"ဘယ်က ပြန်လာတာလဲ အစ်မ "

"ဈေးကလေ ... အမေ့တလပြည့်က မနက်ဖြန်မဟုတ်လား "

"ကျေးဇူးတင်ပါတယ် အစ်မ အမေ့ကို ခွင့်လွှတ်ပေိးုက်လို့ "

"ခွင့်လွှတ်ပေးတာ မဟုတ်ဘူး အစ်မ နောင်တမရချင်လို့ လုပ်ခဲ့တာပဲ အခုတော့ သူလည်း သူ့လမ်းသူ သွားပြီလေ "

ကန္တာရချယ်ရီ(BL)Where stories live. Discover now