(28)......Uni+Zg

272 38 1
                                    

တကျော့ပြန်ရောက်ရှိလာသော ကျောင်းဖွင့်ရက်မှာ သူတို့ကျောင်းရှေ့ကမြေနီလမ်းသည် ထုံးစံအတိုင်း အနီရောင် စိန်ပန်းပင်တန်းနှင့် လှပနေဆဲ ။ ဒီနှစ်ဆို ကလေးသုံးယောက်က အထက်တန်းစတင်တက်ရောက်ရမှာမို့ ဆောင်းညသူတို့အစားပျော်နေရသည်။ ကလေးတွေမြန်မြန် အထက်တန်းအောင်ပြီး တက္ကသိုလ်ကို သူနှင့်အတူ တက်ဖို့ မျှော်လင့်ထားတာ ဆောင်းညတယောက်သာသိသည်။ ကလေးသုံးယောက်က စာတော်ပြီးသားဆိုတော့ အဆင့်မြင့်တက္ကသိုလ်တွေကို ဝင်ခွင့်ရမှာ မလွဲမသွေ။ သို့ပေမယ့် သူစိတ်ပူမိသည်က ယူရီရယ်နှင့် အိုင်ဗန့်အတွက်ပါ။ အကယ်၍ သူတို့အတွက် ဂေဟာက ထောက်ပံ့ကြေးမပေးနိုင်ပါက ဖိုးဖိုးထံ အကူအညီတောင်းရန်လည်း ဆောင်းညစဥ်းစားထားပြီးသား။ ဘာပဲပြောပြော အတူကြီးပြင်းလာတဲ့ ဒီကလေးသုံးယောက်ကို အတူတကွရှိနေစေချင်သည်။

ဒီနေ့ကလေးသုံးယောက်ကို ဆောင်းညကိုယ်တိုင် ကျောင်းလိုက်အပ်ပေးမို့ ကျောင်းရောက်နေခြင်းဖြစ်သည်။ အတူတူလာသော ပ်ိုးပိုးကတော့ တခြား သူငယ်ချင်းတွေကို  လိုက်နှုတ်ဆက်နေတာမို့ ဆောင်းညအနားမှာရှိမနေ။ ပန်းနီနီတွေဝေနေအောင်ပွင့်သည့် စိန်ပန်းပင်အောက်က ခုံတန်းလေးမှာထိုင်ရင်း ဆောင်းည ယူရီရယ်တို့ကို စောင့်နေလိုက်သည်။ ဘာရယ်မဟုတ်တွေးမိသည်က ဒီကျောင်းကြီးမှာ တက်လာသည့် အချိန်တွေကို ဆောင်းည ပြန်ပြောင်းအောင်းမေ့မိလာသည်။

အလယ်တန်းကျောင်းစတက်ရသည့်အချိန်မှစ၍ ၅နှစ်တိုင် ဒီကျောင်းတော်ကြီးမှာ ဆောင်းညပညာသင်ခဲ့သည်။ စာကလွဲရင် အကုန်လုံးကို လိုက်လျောညီထွေနေတတ်သည့်သူ့အတွက် ပျော်ရွှင်စရာကောင်းခဲ့ပါသည်။ ဒီကျောင်းကို ရောက်ပြီး ၂နှစ်ခန့်အကြာမှာ သူ့ရဲ့ညီမလေး ရောက်လာပြန်သည်။ နည်းနည်းကြာတော့ ညီငယ်တစ်ယောက်လို ရင်းနှီးရသည့် ကောင်စုတ်လေးတစ်ယောက်ကိုပင် ထပ်ရလာသည်။ အခုတော့ အမွှေစိန်လေးသုံးကောင်က သူနှင့် ခွဲ၍ပင်မရတော့။

ကုန်လွန်ခဲ့သော အချိန်က အမှတ်ရစရာများကို ပြန်တွေးမိတော့ နှစ်ခြိုက်စွာရယ်မိသည်။ ရုတ်တရက်ခေါင်းမော့လိုက်ချိန်မှာ ဆောင်းညရှေ့ ကိုးလို့ကန့်လန့် အနေအထားဖြင့်ရောက်ရှိနေသော ယူရီရယ်။ ခန္ဓာကိုယ်တဝက်ကို သူ့ဖက်ကိုင်းထားပြီး လက်နှစ်ဖက်ကို လေထဲမှာတန့်နေသည်။မျက်နှာကလည်း စပ်ဖြီးဖြီးဖြစ်နေသော ကောင်လေးကြောင့် ဆောင်းည အနည်းငယ်  လန့်မိသလို။

ကန္တာရချယ်ရီ(BL)Where stories live. Discover now