(20)......Uni+Zg

318 40 5
                                    

ဒီနေ့ဆောင်းညဦး ကျောင်းကို စောစောရောက်နေသည်။ အကြောင်းကတော့ နှစ်စဥ်ကျောင်းတွင်းထူးချွန်စာမေးပွဲအတွက် ပြင်ဆင်ဖို့ ဆရာဆရာမတွေက အပိုချိန်ခေါ်သင်ပေးမှာမို့ဖြစ်သည်။ နှစ်စဥ်လူရည်ချွန်ဆုပါ ရတာဆိုတော့ ဆောင်းညအတွက် ဒီလိုအချိန်တိုင်း ပင်ပန်းရသည်။ ယခင်ရထားသည့်ဆုတွေ၊ အဆင့်တွေမကျအောင်ကြိုးစားရတာမို့ ခါတိုင်းစာကြည့်ချိန်ထက် နှစ်ဆကြိုးစားရသည်။

“ဆောင်းည ရောက်ပြီလား ”

“အင်း ဘယ်အခန်းမှာ သင်ရမှာလည်း သိပြီလား ”

“အခုနက အတန်းပိုင်ရောက်လာပြီး စာကြည့်တိုက်နားက အခန်းလွတ်ကို ရှင်းခိုင်းထားတယ် အဲ့ဒီမှာ သင်ရမယ်ထင်တယ် ”

ဆောင်းညနှင့် ရွေးချယ်ခံထားရသော  အတန်းဖော် သူငယ်ချင်း သုံးယောက် အခန်းရှင်းနေတုန်း တခြားသူတွေပါရောက်လာကြသည်။ အားလုံးက မျက်မှန်းတန်းမိသလို ဆောင်းညကိုယ်တိုင်ကလည်း  ဖော်ရွေတတ်သောကြောင့် အခန်းမတူစေကာမူ ခဏအတွင်းရင်းနှီးသွားကြသည်။ ကြီးကြပ်ပေးမည့် ဆရာရောက်လာတော့ ယောကျာ်းလေး မိန်းကလေးသီးသန့် စာကြည့်ဝိုင်းခွဲပေးသည်။

“ဆောင်းည ”

“အင်းပြောလေ ရဲရင့် ဘာလဲ ”

“ခင်နံ့သာက မင်းကို ကြိုက်နေတာထင်တယ် ”

“ငါစိတ်မဝင်စားဘူး ပါးစပ်ပိတ်လိုက်တော့ ”

“မင်းစိတ်မဝင်စားရင် ငါလိုက်လို့ရလား”

“မင်းကြိုက်ရင် လိုက်ပေါ့ကွာ သူနဲ့ ငါနဲ့ ဘာမှမဆိုင်တာ ”

“အိုခေ သားကြီး ငါ သွားစကားပြောလိုက်ဦးမယ် ”

ရဲရင့်တစ်ယောက် တကယ်လည်း စာကြည့်စားပွဲက ထသွားတာကြောင့် ဆောင်းည ခေါင်းထောင်ကြည့်လိုက်မိသည်။ တော်သေးရဲ့ ဆရာ အပြင်ထွက်သွားတုန်းမို့။ ခင်နံ့သာဆိုတဲ့မိန်းကလေးကို ဟိုတခါ ဘင်ခရာကွင်းမှာတွေ့ကတည်းက ဆောင်းည သတိထားရှောင်နေလိုက်သည်။ ရဲရင့်သွေး ခင်နံ့သာကို စိတ်ဝင်စားနေမှန်း အခုမှသိရသလို ဘာရယ်မဟုတ် သူငယ်ချင်းအတွက် စိုးရိမ်စိတ်လည်းဖြစ်မိသည်။ ဘယ်မိဘမှ သားသမီးက အချိန်မတန်သေးဘဲ ရည်းစားထားတာကို ကြိုက်မှာမဟုတ်။ ရဲရင့်က စာတော်ပေမယ့် အဖေမရှိ မုဆိုးမအမေကသာ ရှာဖွေစောင့်ရှောက်နေရသည်မို့ သူ့အမေက ရဲရင့်ကို မျှော်လင့်ချက်ထားတာတော့ ဆောင်းညရိပ်မိသည်။

ကန္တာရချယ်ရီ(BL)Where stories live. Discover now