(3)......Uni+Zg

595 58 9
                                    

မိုးဖွဲတွေကျနေပြီဖြစ်တဲ့ ဇွန်လက သူတို့ကျောင်းဖွင့်ချိန်။

ဂေဟာကနေဆို နာရီဝက်လောက် လမ်းလျှောက်သွားရင် ရောက်တဲ့ အထက်တန်းကျောင်းမှာ သူတို့ကျောင်းတက်ခွင့်ရသည်။ ဂေဟာမှူး ဆရာကြီးကိုယ်တိုင် ပထမဆုံးရက်ကို ကျောင်းလိုက်အပ်ပေးသည်။ သူတို့အားလုံး ကျောင်းတက်ရသည့်အရေအတွက်က လူသုံးဆယ်ကျော်သည်။ ကြိုတင်ပြင်ဆင်ကာ အရည်ချင်းစစ်စာမေးပွဲသပ်သပ်ဖြေထားရသည်မို့ ယူရီယယ်ခုနှစ်တန်းတက်ခွင့်ရသည်။ အိုင်ဗန်နှင့် အတန်း အတူတူဆိုတော့သိပ်တော့ စိတ်မလှုပ်ရှားမိ။ ဂေဟာက မောင်နှမတတွေ တန်းစီကာ ကျောင်းကို လမ်းလျှောက်လာရတာကိုလည်း ကြိုက်မိသည်။ အခုဆို သူတစ်ယောက်ထဲ မဟုတ်တော့ဘူးဆိုတဲ့ ခံစားချက်တွေက ပိုနွေးထွေးလို့လာသည်။

“ဟင် ဘာပန်းတွေလည်း ”

“မသိဘူးလား အဲ့တာ စိန်ပန်းနီတွေ ”

“လှလိုက်တာ ရဲတောက်နေတာပဲ”

ကျောင်းကို လှမ်းမြင်ရတယ်ဆိုရင်ပဲ အုတ်တံတိုင်းနှင့် အညီပတ်လည်မှာပေါက်ရောက်နေတဲ့ အပင်တွေက သူ့ကို ဆွဲဆောင်သွားသည်။ အစိမ်းရောင်ရွက်ကျဲတွေ မရှိသလောက်ကြားက ရဲရဲတောက်ထင်းနေသည့် အပွင့်များနှင့် အပင်ကို သူအရင်က တခါမှ မမြင်ဖူးခဲ့။ မိုးစိုနေတဲ့ မြေပြင်မှာပါ ကြွေကျနေတဲ့ ပန်းတွေက ပင်ယံထက်မှာသာမက မြေပြင်မှာပါ လှလွန်းသည်။ အိုင်ဗန်ပြောတာတော့ စိန်ပန်းပင်တဲ့။ သူတို့ဆီက ခရမ်းရောင် စိန်ပန်းပြာလိုတော့မဟုတ်။

ကျောင်းဝန်းကအတော်ကိုကျယ်သည်။ ကျောင်းသားဟောင်းဖြစ်တဲ့ အိုင်ဗန်က သူ့ကို လက်ညှိုးတထိုးထိုးနှင့်ရှင်းပြရှာသည်။ ဘယ်နေရာက ဘယ်အ​ေဆာင်ဆိုတာကိုပေါ့။ သူအများကြီးမမှတ်နိုင်ပေမယ့် သူတို့သင်ရမယ့် ခုနှစ်တန်းကျောင်းဆောင်ကိုတော့ မှတ်ထားလိုက်သည်။ ဂေဟာမှူးဦးဆောင်ခေါ်သွားသော အဆောင်က နှစ်ထပ်စာသင်ဆောင်ကြီးပါ။အပေါ်ထပ်မှာ ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းရှိသည်။ ထိုအဆောင်က ရုံးခန်းတွေအများဆုံးရှိသည်မို့ ဆရာဆရာမတွေကို တွေ့ချင်လျှင် ဒီကိုလာရသည်လို့ အိုင်ဗန်က အကြံပေးသည်။

ကန္တာရချယ်ရီ(BL)Where stories live. Discover now