(37)Uni+Zg

288 38 5
                                    

“ညီမလေးရဲ့ နှလုံးသားရေးရာကိစ္စကို ကိုကို ဝင်မစွက်ဖက်ဘူးဆိုတာ ညီမလေးကို ယုံကြည်လို့ပဲ ဒါပေမယ့် ညီမလေးသိတယ်မဟုတ်လား ဘယ်မိဘမောင်ဘွားမဆို ကိုယ့်ညီမကို သာယာဖြောင့်ဖြူးတဲ့ အိမ်ထောင်တစ်ခုတည်ဆောက်ပြီး မတောင့်မတ မကြောင့်မကျနေစေချင်တယ် ပွင့်ပွင့်လင်းလင်းပြောရရင် အိုင်ဗန်ရဲ့ လက်ရှိအခြေအနေနဲ့  ညီမလေးရဲ့ လက်တွဲဖော်အဖြစ် ကိုကို အပြည့်အဝ သဘောမတူနိုင်ဘူး ငါတို့အိမ်က ရွှေမင်းသမီးလေးက စိန်စီမြရံတဲ့ ရွှေဘုံနန်း နဲ့ပဲ ထိုက်တန်တယ် ဒါဟာ အစ်ကိုတစ်ယောက်က ညီမကောင်းစားရေးအတွက် ရှုမြင်တဲ့ လောဘပဲ ဘယ်သူဘယ်လိုထင်ထင် ကိုကို ဂရုမစိုက်ဘူး”

“ကိုကိုက အဲလိုလူမျိုးလား အနည်းဆုံးတော့ ကိုကို့ကို မေမေတို့ ဖေဖေတို့နဲ့ မတူဘဲ ညီမလေးဘက်မှာ ရှိနေပေးမယ်လို့ထင်နေတာ ”

“မိသားစုမို့လို့ပေါ့ ညီမလေးရယ် ကိုကိုဟာ သာမာန်လူသားပဲမို့ လောဘဆိုတာ ရှိတယ် ငါ့ရဲ့ တဦးတည်းသော ညီမလေးကို ဆင်းရဲတွင်းထဲ မရောက်စေချင်ဘူး ညီမလေးလက်တွဲဖော်ဟာ ညီမလေးထက် မ သာရင်နေပါစေ  အနည်းဆုံး တန်းတူ အဆင့်အတန်း ရှိရမယ် ”

”ကိုကိုစိတ်မပူပါနဲ့တော့ ညီမလေးကသာ အိုင်ဗန့်ကို ကြိုက်တာပါ သူကတော့ ညီမလေးကို စိတ်မဝင်စားဘူး”

“ဖြစ်လာမယ့် အရာတွေကို ကြိုတင်မသိနိုင်ပါဘူး ဒီကိစ္စကိုဒီမှာပဲဖြတ်တော့ နောက်တခါ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် ညီမလေး ထိခိုက်ရရင် ကိုကို အဲ့ဒီလူကို ခွင့်လွှတ်မှာမဟုတ်ဘူး ”

“ကိုကိုရေ ညီမလေး  မေးစရာတခုရှိတယ် စိတ်မဆိုးပါနဲ့  ”

“မေးလေ ပိုးပိုး ”

“အကယ်၍ ကိုကိုဆိုရင်ရော ညီမလေး နေရာမှာ ကိုကိုဆိုရင်ရော ဒီလိုပဲ ရွေးချယ်မှာလား ”

“ဘာကိုလဲ ညီမလေး ”

“အကယ်၍ပေါ့ အိုင်ဗန်ပဲဖြစ်ဖြစ်  ယူရီရယ်ပဲဖြစ်ဖြစ် သူတို့က မိန်းကလေးဖြစ်ပြီး ကိုကို့ကို ကြိုက်တယ်ဆိုပါတော့ ကိုကို ငြင်းမှာလားဟင်  ”

“ကိုကို ငြင်းလိမ့်မိမယ်ထင်တယ် ”

“ကိုကိုက လူဆိုးပဲ  မထင်ရဘူးနော် ”

ကန္တာရချယ်ရီ(BL)Where stories live. Discover now