“အိုင်ဗန်နဲ့ငါ အဆက်အသွယ်မရတာ အတော်ကြာပြီ ”
“အင်း ”
“နင့်ကိုလည်းမဆက်သွယ်ဘူးလား”
“အင်းလေ ”
”ဟူး…ဒီတယောက်နဲ့တော့ ခက်ပါပြီ ဘာတွေလျှောက်လုပ်နေမှန်းမသိဘူး ”
“အင်းပါဆို ”
“နင်ကရော ဘာလို့စပျစ်သီးတွေကိုမစားဘဲ လက်နဲ့ချေပစ်နေရတာလဲ ”
“အင်းလို့ ”
“ယူရီရယ် ”
ဖြန်း
“အာ့ နာတယ်ဟ ပိုးပိုးရ ဘာလို့လာရိုက်နေရတာလဲ ”
“အမလေးဟယ် သူငယ်ချင်းလေးနှစ်ယောက်ရှိပါတယ် တယောက်က မပြောမဆိုနဲ့ ပျောက်သွားတယ် ကျန်တဲ့တယောက်က ဒီမယ် ရင်ဖွင့်နေတာကို အင်း တလုံးလ်ိုက်ပြီး စိတ်ပါဝင်စားမှု့မရှိဘူး စားဖို့ချပေးတဲ့ စပျစ်သီးတောင် အပျင်းပြေ ထိုင်ညှစ်နေသေးတယ် ကောင်းကြသေးရဲ့လား လောကကြီးရေ ”
“လောကကြီးက ကောင်းပါတယ် လူတွေကပဲ မကောင်းတာ ”
“ယူရီရယ် ငါ့ကိုမှန်မှန်ပြောစမ်းပါ နင် ဆေးရုံက ဆင်းပြီးကတည်းက ထူးဆန်းနေတယ် ဧကန္တ နင် မန်းလေးသူချောချောလေးကို ကြိုက်လာခဲ့လို့လား ”
“ကြိုက်စရာလား ”
“အဲ့တာဆို ဘာဖြစ်လာတာလဲလို့ နင့်ကြည့်ရတာ စိတ်နဲ့လူနဲ့မကပ်ဘူး အထူးသဖြင့် ဒီစပျစ်သီးကို မြင်ကတည်းကပဲ ဘာလဲ အတိတ်ဘဝတုန်းက စပျစ်သီးစားရင်း သေသွားခဲ့လို့ စိတ်နာနေတာလား ”
“သေသွားတာမှ ကောင်းလိမ့်ဦးမယ် ဟူး… စပျစ်သီး စပျစ်သီး ဒင်း ငါ့ကိုအရှက်ခွဲလွန်းတယ် ”
တွေးတွေးဆဆ ပြောနေရင်းမှ စိတ်တိုလာကာ စပျစ်သီးတွေကို လက်နဲ့ အားရပါးရ ဖျစ်ညစ်လိုက်သည့် ယူရီရယ့်အား ပိုးပိုး နားမလည်နိုင်တော့ပေ။ သေချာပေါက် စပျစ်သီးနဲ့ ယူရီရယ့်မှာ ဇာတ်လမ်းရှိကို ရှိရမယ်။ သိချင်လွန်းလို့ သေတော့မတတ်ဘဲ။ ပိုးပိုးရဲ့ အာရုံက တပိုင်းလွတ်နေသည့် ယူရီရယ့်ထံမှ အကြည့်လွှဲလိုက်တော့ ကန်တင်းထဲ ဝင်လာသူတယောက်ကို တွေ့လိုက်ရသည်။ သူမလိုပဲ ကန်တင်းထဲရှိ ကျောင်းသူကျောင်းသားအားလုံးရဲ့ အာရုံကလည်း ထိုသူ့ဆီကို ဆုံမှတ်ကြသွားသည်။ သပ်ရပ်ပြီး ခန့်ညားသော အသွင်သဏ္ဍာန်နှင့် ဆောင်းညဦးကို ဘယ်သူကများ ဂရုမစိုက်မိဘဲ နေနိုင်ပါအံ့နည်း။
YOU ARE READING
ကန္တာရချယ်ရီ(BL)