Extra-4

238 22 0
                                    


ခြံထဲက ဒန်းပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သမီးဖြစ်သူကို အိုင်ဗန်ပွေ့ချီလာကာ အိပ်ခန်းထဲထိ အရောက်ပို့ပေးရသည်မှာ ခဏခဏ ဖြစ်လေ့ရှိသည့်အရာ။ သပ်ရပ်စွာ ပြင်ထားပေးသည့် မွေ့ယာလေးက အပြာနုရောင်လေးဖြစ်ပြီး သမီးရဲ့ အခန်းတခုလုံးက အပြာရောင်တွေချည်းသာ။ ဇာခြင်ထောင် ပါးပါးလေးကို ထောင်ပေးခဲ့ကာ အိုင်ဗန် အခန်းပြင်ထွက်လာခဲ့သည်။ မထွက်ခင် အပြာရောင် ညအိပ်မီးလေးဖွင့်ပေးဖို့လည်း မမေ့။

"ပြန်လာပြီလား"

သမီးအခန်းထဲက အထွက်မှာပင် တွေ့ရသည့် မြတ်နိုးရသူလေးရဲ့ အပြုံး...။

"သမီး ဒန်းပေါ်မှာအိပ်နေပြန်လို့ မောင် သိပ်ခဲ့လိုက်ပြီ"

"တနေကုန် ဆော့နေလို့ ညနေစာမစားခင် ခြေလက်ဆေးခိုင်းတာကို ပိုးနဲ့ စိတ်ကောက်သွားတယ် ဘယ်လိုဟာလေးမှန်းမသိဘူး ညစ်ပတ်အိုးလေး"

"သူ့အမေနဲ့ တူလို့နေမှာပေါ့"

"အိုင်ဗန်"

"ဟီး စတာပါ မောင်လို့ပဲခေါ် ပိုးရဲ့ မောင်လို့ခေါ်သံကြားမှ တနေကုန် ပင်ပန်းလာသမျှ ပျောက်သွားတယ်"

"အေး အသက်မပျောက်ချင်ရင် စကားပြောတာဆင်ခြင် သားအဖနှစ်ယောက်လုံး နုတ်နုတ်စင်းပစ်လိုက်မယ် ပိုးနုရွှေခက်ကို ဘာမှတ်နေလဲ"

"အမလေးဗျာ ကျွန်တော်မျိုး ကြောက်လိုက်တာ စိတ်လျှော့ပါ ပိုးဧကရီထူးရဲ့ မေမေကလဲ"

သူ့ကိုမျက်စောင်းထိုးပြီး ကျိန်းသွားသည့် မြတ်နိုးသူလေးဟာ တခါတရံ အတိတ်က အဖြူအစိမ်းနဲ့ ဆယ်ကျော်သက် ကျောင်းသူဆိုးလေးလိုပင်။ ဒီလိုပုံစံကလည်း သူ့ရှေ့မှာပဲ ဖြစ်တတ်တာပါ။ အများအမြင်မှာတော့ ပိုးနုရွှေခက်ဆိုတာ လေးစားရတဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်။ သမီးလေးတစ်ယောက်ရှိပြီး ခင်ပွန်းဖြစ်သူကို ဂရုစိုက်ကြင်နာတတ်သူ အိမ်ထောင်ရှင်မကောင်းတစ်ယောက်။

သူတို့အိပ်ခန်းထဲရောက်တော့ ကုတင်ပေါ်မှာအသင့်တင်ထားတဲ့ အဝတ်အစားတွေကြောင့် အိုင်ဗန် ပြုံးမိသွားသည်။ မြတ်နိုးရသူလေးဟာ သူ့ကို ဘယ်တော့မှ မပစ်ပယ်တတ်။

ကန္တာရချယ်ရီ(BL)Where stories live. Discover now