(11)Uni+Zg

314 42 0
                                    

အုတ်တံတိုင်းအစိမ်းရောင်များ ဝန်းရံထားသည့် ခြံတံခါးရှေ့မှာတော့ ယူရီရယ်ကို ခေါ်လာသည့် ကားလေးရပ်သွားသည်။

“ကဲရောက်ပြီ တံခါးကတော့ ကိုယ့်ဟာကိုယ် ဖွင့်ရမှာ ဦးလေးကို ကူဖွင့်ပေးပါလား သော့ခတ်မထားဘူး တံခါးအဟကြားထဲကနေ လက်လျိုလိုက်အတွင်းက သံ ချက်ကို မလိုက်ရင် ရပြီ ”

“ဟုတ်ကဲ့ ကျွန်တော် သွားဖွင့်လိုက်ပါ့မယ်  ”

ခြံအတွင်းကိုရောက်ချိန်မှာတော့  အမြင်တမျိုးဆန်းနေသည့် ခြံဝန်းအပြင်အဆင်ကို ယူရီရယ်သဘောကျမိသည်။  အုတ်နံရံအစား မှန်သားတွေချည်း ကာရံထားသည့် တစ်ထပ်တိုက်ကို ခပ်  ကျယ်ကျယ်လေး ဆောက်ထားပြီး အဖြူရောင်အသုံးများသောကြောင့် ခြံထဲစိုက်ထားသည့် ပန်းပင်သစ်ပင်များကြောင့် တောအုပ်ထဲက အပန်းဖြေအိမ်ကဲ့သို့ ခံစားမိသည်။  တကယ့်ကို ရိုးရိုးရှင်းရှင်းနှင့် အေးချမ်းဆိတ်ငြိမ်မှုကလည်း  အပြည့်အဝ။

“သစ်ခွခြံက ဟိုးနောက်ဖက်မှာလေ ဒီအချိန် ဘဘကြီးမရှိဘူး ကိုယ့်သာသာကိုပဲ ကြည့်လုပ်တော့ ကောင်လေး နေဦး မမကြီးရှိလား သွားကြည့်ပေးမယ်နော် ”

“ဟုတ်ကဲ့ ဦးလေး ”

ဦးလေးကြီး ညွှန်ပြထားသည့် အတိုင်း တိုက်အနောက်ဖက်ကို လျှောက်လာတော့ ဘွားခနဲတွေ့လိုက်ရသည့်  သစ်ခွခြံကြောင့် ယူရီရယ် ထပ်မံအံ့သြရပြန်သည်။ ဇကာစိမ်းအုပ်ထားသော ခပ်မြင့်မြင့် သစ်သားစင်အကြီးကြီးတွေကို စက်ဝိုင်းပုံစံဆောက်ထားပြီး ထိုစင်တွေပေါ်မှာ သစ်ခွပင်တွေက အပုံလိုက်ရှိနေသည်။ နိုင်ငံခြားသစ်ခွ ဒေသမျိုးရင်းသစ်ခွ ရှားပါးသစ်ခွ တွေဆိုတာ မနည်းမနောရှိနေသည်။ သို့သော် စနစ်တကျ ထိန်းသိမ်းထားတာမရှိတော့ အချို့အပင်တွေက ပင်ညှပ်တွေဖြစ်နေသည်။ တချို့က အပွင့်မလိုက်တာကြာသည့် အပင်အိုတွေဖြစ်နေသည်။ ဒါကြောင့်လည်း သူ့ကို ခေါ်တာဖြစ်မယ်လို့ ယူရီရယ်တွေးမိသည်။

ဘယ်ကစ ပြုပြင်ရမလဲစဥ်းစားကြည့်လိုက်တော့ ပထမဆုံး သူ့ခေါင်းထဲဝင်လာတာက  သစ်ခွခြံရဲ့အနေအထားက ပြဿနာရှိနေခြင်းပင်။ နေရောင်ကြိုက်သော ဒေသသစ်ခွမျိုးများနှင့် နေရောင်မကြိုက်သော သစ်ခွမျိုးများကို အရငိခွဲထုတ်ရမည်။ ပြီးတော့ နေရောင် တဝက် ပေးရမည့် သစ်ခွအမျိုးအစားတွေကလည်း ခွဲထုတ်ကာ ပြန်နေရာချရမည်။

ကန္တာရချယ်ရီ(BL)Where stories live. Discover now