(4)......Uni+ Zg

513 54 1
                                    

“သူက ဘယ်သူလဲ  အိုင်ဗန်”

“အား ငါထင်သားပဲ တခုခုတော့ ဖြစ်တော့မှာလို့ ငါပြောတဲ့ ပြဿနာဆိုတာက သူပဲ မင်းနောက်တခါ သူနဲ့ သွားမပတ်သတ်မိအောင်နေ ”

“ဟမ် အခုလဲ ငါ သူ့ကို ဘာမှ မလုပ်ရပါဘူး အဲ့ကောင်မလေးကသာ ငါ့ကို ချော်လဲအောင်လုပ်တာ ”

“ထားတော့ ငါပြောချင်တာက နောက်တခါ သူနဲ့ တွေ့ရင် တမိုင်လောက်အကွာကနေ နေ  မင်းတို့ ငါတို့မပြောနဲ့ ဒီကျောင်းက ဘယ်သူကမှ သူ့ကို မနိုင်ဘူး ”

“ဘာလို့လဲ သူက ဘာကြီးမို့လဲ ”

“ငါတို့ အတန်းပိုင်ရဲ့ တူမ ”

“အဲ့တော့ ဘာဖြစ်လဲ အခုနက ဆရာမကြည့်ရတာ သူ့ကိုလဲ သိပ်မျက်နှာသာပေးတာ မတွေ့ပါဘူး ”

“ငါပြောမယ် ငါဒီကျောင်းမှာ တက်လာတာ သုံးနှစ်ရှိပြီ ပိုးနုရွှေခက် အကြောင်းကို တကျောင်းလုံးသိတယ်
ဒီကျောင်းက သူနဲ့ ဆွေမျိုးတော်တဲ့ ဆရာ ဆရာမတွေရှိတယ် ကုန်ကုန်ပြောရရင် ကျောင်းအုပ် ဆရာမကြီးကလဲ သူနဲ့ ဆွေမျိုးမကင်းဘူး ပြီးတော့ သူတို့အိမ်က ပိုက်ဆံရှိတယ် ငါတို့ကျောင်းက ကျောင်းဆောင်အသစ်တွေ ရေသန့်စက်တွေနဲ့ လိုအပ်တဲ့ရန်ပုံငွေတွေကလည်း သူ့တို့အိမ်ကပဲ ”

“အဲ့တာနဲ့ သူက တစ်ကျောင်းလုံးမှာ ဗိုလ်ကျနေတာပေါ့”

“ဒါပေါ့ အဲ့ မင်းပါးစပ်က သူ့အကြောင်း အဲ့လိုပြောတာ မကောင်းဘူးနော် သူ့ကို မျက်နှာလိုမျက်နှာရနဲ့ ဖါးချင်တဲ့သူတွေ အများကြီးပဲ အကောင်းဆုံးကနဲ့ သူနဲ့ ပတ်သတ်ရင် မမြင်သလို မကြားသလိုနေ ”

“အင်းပါ”

ပိုးနုရွှေခက်ဆိုတဲ့ ကောင်မလေးအကြောင်းကို သိပြီးတဲ့ နောက် ယူရီယယ် ဘာမှ ထူးထူးခြားခြား မခံစားမိ။ မိဘတွေ မရှိတော့ ကတည်းက သူ့ကို  လောကကြီးက ဘယ်လိုနေရ ထိုင်ရမည်ကို သင်ကြားပေးပြီးသားဖြစ်သည်။  အတတ်နိုင်ဆုံး ပြဿနာ မဖြစ်အောင် ရှောင်ရမည်။ သူ အေးအေးချမ်းချမ်းနေချင်သေးပါရဲ့။

ကျောင်းက မနက် ကိုးနာရီခွဲကနေ ညနေ သုံးနာရီအထိ တက်ရတာဖြစ်ပြီး နေ့လည် ဆယ့်တစ်နာရီ ဆယ့်ငါးဆိုလျှင် ထမင်းစားနားချိန်ရသည်။ ဆယ့်နှစ်နှာရီဆိုလျှင် ကျောင်းပြန်တက်ရမည်။ ပြီးတော့ သူတို့ဂေဟာက  ကျောင်းသားကျောင်းသူတွေကတော့  ညနေကျမှ ဂေဟာကို ပြန်ရမည်။  အိုင်ဗန်ကြိုပြောထားလို့ သူ မနက်ခင်းစားကို ပုံမှန်ထက် ပိုစားခဲ့သည်။ ဘာလို့ဆိုတော့ သူတို့အတွက် ဂေဟာက နေ့လည်စာကို မထောက်ပံ့ပေးနိုင်လို့ပါ။ ကျောင်းဖွင့်ရက်တွေဆို မနက်စာနှင့် ညစာသာ ကျွေးနိုင်သည်။ နေ့လည် ထမင်းစားချိန်ဆို ရေသောက် ဗိုက်မှောက်နေရုံသာ။

ကန္တာရချယ်ရီ(BL)Where stories live. Discover now