(40)...Uni+ Zg

315 40 2
                                    

“အချစ်ဆိုတာဘာလဲ”

သိသလိုလို မသိသလိုလိုနဲ့ ရင်းနှီးနေကျမေးခွန်းဟာ ကိုဇွဲစတင်ပြောလာသည့် အကြောင်းအရာဖြစ်သည်။

“အဲ့ဒီမေးခွန်းကနေ အရင်စလိုက်ရအောင် ဆောင်း ကိုယ့်ကိုဖြေမပေးခင် မင်းစိတ်ထဲမှာ အရင်စဥ်းစားကြည့် လူတဦးတယောက်ချင်းစီရဲ့ အချစ်ပေါ် ခံယူချက်ဟာ မတူညီကြဘူး ဆောင်းရဲ့ အချစ်ဟာလည်း တမျိုးဖြစ်နိုင်တယ် လွယ်ကူ ရိုးရှင်းတဲ့ အဖြေရဖို့  နည်းလမ်းဟာ  စိတ်ကူးယဥ်ကြည့်တာပဲ  အကယ်၍ ငါသာ လူတစ်ယောက်ကို ချစ်ခဲ့မိရင် သူ့ကို ဘယ်လိုပုံစံမျိုး ပြသဖြစ်မလဲလို့  တွေးဆကြည့် ”

ဆောင်းည အနာဂတ်လက်တွဲဖော်နဲ့ ပတ်သတ်လို့ တခါတခါတော့ စိတ်ကူးကြည့်မိတဲ့ အတွေးစတချို့ရှိပါသည်။ အနီးစပ်ဆုံးမြင်တွေ့ခဲ့ရတဲ့ မိဘတွေရဲ့ အိမ်ထောင်ရေးကြောင့် သူ့မှာ အတုယူစရာတွေ ပယ်ရှားစရာအချက်တွေလည်း ရှိခဲ့သည်။ ဆုံးပါးသွားတဲ့ အမေရင်းလို မိဘတွေသဘောတူတာနဲ့ပဲ ခေါင်းငြိမ့် လက်ခံရသူမျိုးလည်း မလိုချင်။ အဖေ့လိုမျိုး မချစ်မနှစ်သက်သူကိုလည်း လက်မတွဲချင်ပါ။ ဒုတိယ မေမေလိုမျိုး လက်တွဲဖော်နဲ့ အပြန်အလှန် မေတ္တာသက်ဝင်ကြတဲ့ ဆက်ဆံရေးမျိုးကိုသာလိုလားသည်။ သူ့အတွက် အရေးကြီးဆုံးက အနာဂတ်လက်တွဲဖော်နဲ့ သူဟာ အချင်းချင်း တူညီတဲ့ ချစ်ခြင်းမေတ္တာကို မျှဝေနိုင်သူတွေဖြစ်ရမယ်။  ကျန်တာ အရေးမကြီးပါဘူး။ သူသာ တကယ်ချစ်မိသွားခဲ့ရင် အဲ့ဒီလူသားအတွက် အရာရာကို တည်ဆောက်ပေးမယ်။ ကာကွယ်ပေးမယ်။ စောင့်ရှောက်ပေးမယ်။ တဖက်လူက သု့ကို  ချစ်နေပေးရုံမှ အပ ဘာကိုမှ မမျှော်လင့်ပါ။

“အဲ့လိုလူမျိုးကို ဆောင်းတွေ့ခဲ့ပြီလား”

“ဟင့်အင်း ဘယ်သူ့ကိုမှ ကျွန်တော်လုပ်မပေးဘူးဖူး ”

“ဟင်း ဆောင်းက မြင်အောင် မကြည့်နိုင်သေးဘူးပဲ… ဆိုတော့ ကိုယ်ကပဲ ကွက်ကွက်ကွင်းကွင်း ပြောပြရတာပေါ့”

“ဘာကိုဆိုလိုတာလဲ ကိုဇွဲ”

“ဆောင်းကိုယ်တိုင် မသိလိုက်ပါဘဲ တစုံတယောက်ကို ရည်ရွယ်ထားတဲ့ စိတ်ကူးထဲက ချစ်ရသူလိုမျိုး  ပြုမူခဲ့မိတယ်ဆိုတာ ကိုယ်သိတယ်လို့ပြောတာ ”

ကန္တာရချယ်ရီ(BL)Where stories live. Discover now