(23)......Uni+Zg

277 36 1
                                    

ဒီဇင်ဘာနေ့လယ်က အရမ်းကိုပူပြင်းပါသည်။ ရာသီဥတုကြမ်းသော ဒီမြို့ငယ်လေးမှာ ယူရီရယ်အသားကျအောင်မနည်းကြိုးစားနေရသည်။ မနက်နှင့် ညတွင်အလွန်အေးပြီး နေ့လယ်ပိုင်းတွင် နွေဥတုထက်တောင် ပူပြင်းခြောက်သွေ့တာမို့ အားကစားကွင်းထဲရှိလူတိုင်း နေပူလှန်းခံထားရသလိုဖြစ်နေသည်။ အားကစားပြိုင်ပွဲများအပြီး ဆုချီးမြှင့်သည့်နေ့ဖြစ်သဖြင့်  အထူးကြွရောက်လာသော မြို့တော်ဝန်နှင့် အားကစားဝန်ကြီးမှာ တလှည့်စီ ဂုဏ်ပြုစကားပြောနေရာ နာရီပေါင်းအတော်ကြာပြီ။ ဆုရအားကစားသမားများဖြစ်သည့် ယူရီရယ်တို့ရပ်နေရသည့်နေရာဆို ကွင်းအလယ်ခေါင်တည့်တည့် နေပူကြီးအောက်မှာဖြစ်သည်။ ယူရီရယ် ဘင်ခရာအဖွဲ့ဘက်ကို လှမ်းကြည့်လိုက်တော့ တော်ပါသေးရဲ့ အစ်ကိုဆောင်းညဦးနေရာမှာ နေရိပ်နေလို့။

နောက်ထပ်နာရီအနည်းငယ်ကြာအပြီးမှာတော့ ကစားနည်းတမျိုးခြင်းစီအလိုက် ဆုရသူများကို ဆုချီးမြှင့်သည်။ ယူရီရယ်တို့ကျောင်းကဘောလုံးအသင်းမှာ ချန်ပီယံဖလားရသလို ယူရီရယ်မှာလည်း အကောင်းဆုံးကစားသမားဆုရသည်။ ဒါ့ကြောင့် သူတို့ ကျောင်းမှာ အတော်ကလေး မျက်နှာပွင့်ရသည်။ ပွဲပြီးတော့ အစ်ကိုဆောင်းညတို့အမေက အိမ်ကိုလာခဲ့ဖို့ခေါ်ထားသဖြင့် ယူရီရယ်တို့ လေးယောက်အတူ ပြန်ဖြစ်ကြသည်။ နောင်ရက် ဒီဇင်ဘာကျောင်းပိတ်ရက်ဖြစ်တာကြောင့်ရော ယူရီရယ်တို့ ဆုရတာရောကြောင့် အန်တီက မုန့်လုပ်ကျွေးဖို့ခေါ်ခြင်းဖြစ်ကြောင်း အိမ်ရောက်မှသိသည်။

အန်တီဆရာမ ကိုယ်တိုင်ချက်ထားသော ကြာဇံချက်က အငွေ့တထောင်းထောင်းနှင့်ဆီးကြိုနေလေသည်။ သူတို့ရောက်လာမှ လတ်လတ်ဆတ်ဆတ် ခြံထဲကအပင်မှခူးယူပြီး သုတ်သည့် ရှောက်သီးသုတ်ကလည်း ရှူးရှူးရှဲရှဲနှင့် စားကောင်းလှသည်။

“ကဲ ကလေးတွေစားကြနော် သားကြီးက ညီလေးတွေ ညီမလေးတွေကို သေချာထည့်ပေးလိုက်ဦး မင်းတို့စားပြီးရင် အချိုတည်းဖို့ ကျောက်ကျောသွားလုပ် လိုက်ဦးမယ်  ”

ယူရီရယ်တို့အားလုံး ခေါင်းမဖော်တမ်းစားနေကြစဥ်…

“မနက်ဖြန်ကျောင်းဆယ်ရက်ပိတ်ပြီဆိုတော့ ပျင်းစရာကြီးပဲ ”

ကန္တာရချယ်ရီ(BL)Tahanan ng mga kuwento. Tumuklas ngayon