(45)......Uni+Zg

283 36 1
                                    

တစုံတယောက်က သူ့ကို့ထွေးပွေ့ပေးထားတယ်ဆိုတဲ့ ခံစားချက်ကို ဆောင်းည ပျောက်ဆုံးနေတာကြာလှပြီ။ မေမေဆုံးပြီးတော့ အဖေကလည်း သူနဲ့ ခပ်တန်းတန်းဖြစ်သွားသည်။ အဖိုးက လူကြီးဆိုတော့ သူလိုကလေးတယောက်ကို တရင်းတနှီးနေဖို့ထက် စီးပွားရေးကိုသာ အာရုံစိုက်ထားခဲ့သည်။ မေမေလေးရောက်လာတော့ အားလုံးအဆင်ပြေပြီး သူ့ကို ဂရုစိုက်ပေးခဲ့ပေမယ့် မေမေလေးကိုယ်တိုင်က  သူအနှောင့်အယှက်ဖြစ်မှာစိုးလို့ လိုတာထက် ပိုမရောဘဲ စည်းခြားထားခဲ့သည်။ ဒီလိုနဲ့ နေတတ်သလိုနေလာခဲ့တဲ့ ရက်တွေမှာ ညီမလေး ရှိလာပြန်တော့ ကိုယ့်ထက်အငယ်ဆိုပြီး အမြဲ ကာကွယ်စောင့်ရှောက်ဖို့ ကြိုးစားရင်း ရင့်ကျက်အောင်နေခဲ့ရတာ  ကိုယ့်အတွက်ကို မေ့နေခဲ့သည်။  နွေးထွေးပြီး သက်တောင့်သက်သာရှိတဲ့ ဒီရင်ခွင်ကျယ်ဟာ တခါမှ ပိုင်ဆိုင်ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဖူးဘူး။ ချစ်ရတဲ့ ကောင်လေးဟာ သတ္တိရှိစွာ ဖွင့်ဟ ဝန်ခံပြီးတဲ့နောက် သူ့ကို အပြည့်အဝ ဂရုစိုက်ပေးခဲ့ပါသည်။ တခါတရံ အတိတ်က သတ္တိကြောင်ခဲ့တဲ့ ကိုယ့်ကိုကိုယ် ပြန်တွေးမိတိုင်း နွေးထွေးတဲ့ ချစ်ခြင်းတရားကြားမှာ သိမ်ငယ်ရပြန်သည်။

“ချစ်တယ် အစ်ကို ”

“ကိုယ်လဲ ချစ်ပါတယ် ”

“အစ်ကို့ကို လွမ်းနေတာ ဟူး… ဘယ်လိုလုပ်ရပါ့ အလုပ်သင်ဆရာဝန်ဖြစ်ရင် ထပ်ခွဲရဦးမှာပေါ့နော် ”

“ကိုယ်တို့ နေ့တိုင်း အဆက်အသွယ်လုပ်ကြမယ်လေ ”

နောက်ကျောကနေ သိုင်းဖက်ပြီး သူ့ပခုံးပေါ်မေးတင်ကာ ချွဲနေသည့် ကောင်လေးကြောင့် ဆောင်းညဦးတို့ အသဲတွေ ကြွေရပြန်သည်။

“မော်လမြိုင်ကို တကယ်ရွေးထားတာလား မန်းလေးမှာပဲ လုပ်လို့မရဘူးလား အစ်ကိုရဲ့ ”

“တစ်နှစ်ဆိုတာ သိပ်မကြာပါဘူး အဲ့ဒီအချိန်လေးပြီးရင် ကိုယ်တို့ မခွဲရတော့ဘူးလေ ”

“ကောင်းပါပြီဗျာ ဒါပေမယ့် ကျွန်တော်က တလတခါ လာတွေ့မှာနော် ဖုန်းလဲ မနက်တခါ ညတခါဆက်မှာ နေ့တိုင်းလည်း မေးလ်တစောင် ပုံမှန်ပို့ရမယ် ”

ကန္တာရချယ်ရီ(BL)Where stories live. Discover now