(14).......Uni+Zg

296 41 1
                                    

ကိုယ်တိုင်ကအဲ့ဒီထက်ဆိုးတဲ့အဖြစ်အပျက်ကိုကြုံခဲ့ဖူးတာတောင်မှသူပြောပြတဲ့ ရင်နာစရာအကြောင်းကို နားထောင်ပြီး ကာယကံရှင်ထက် ဝမ်းနည်းကြေကွဲမိဖူးတယ် ဒါဘာဘယ်လိုခံစားချက်မျိုးလဲ

#ယူရီရယ်

*******************************
 
အိပ်ယာထက်မှာ တနေကုန် တညလုံးလဲလျှောင်းနေသည့် ညီမဖြစ်သူကို ဆောင်းညဦး ဝင်ချည်ထွက်ချည် ကြည့်နေသည်မှာ အခေါက်ခေါက်အခါခါ။ အိပ်ရေးမမက်တဲ့ ညီမလေးက အခုတော့ အကြာကြီးအိပ်ပျော်နေသည်။  ဖိုးဖိုးနှင့်မေမေကတော့ တဖက်က နစ်နာသူကောင်မလေး မိဘတွေကို နည်းမျိုးစုံနှင့် တောင်းပန်ဖို့ မနက်ကတည်းက ထွက်သွားသည်။

“ဆောင်းညရေ အပြင်မှာ ဂေဟာက ကောင်လေး ရောက်နေတယ် ”

“ဟုတ်ကဲ့ ဦးလေး ဧည့်ခန်းမှာ ထိုင်ခိုင်းလိုက်ပါ သားလာခဲ့မယ် ”

“အေးအေး ဦးလေးထိုင်ခိုင်းထားမယ်”

ပိုးပိုးရဲ့ ဒါဏ်ရာရထားသော လက်ချောင်းလေးများကို ဆေးပြန်ထည့်ပေးနေသည့် ဆောင်းညဦး  ဦးလေးကြီး လာပြောသည့်ဂေဟာက ကောင်လေးများဆိုတာကြောင့် ယူရီရယ်မှန်း တန်းသဘောပေါက်လိုက်သည်။ တကယ့်အမွှေစိန်သုံးယောက်ပါလေ။ အန်တီလေးပြောပြထားလို့ ညီမလေးရဲ့ ရန်ပွဲမှ အနှီကောင်လေးနှင့်  သူ့သူငယ်ချင်းရဲ့  ဉာဏ်နီဉာဏ်နက်လေးတွေကိုပါ သိလိုက်ရသည်။ ညီမလေးမှာ သူငယ်ချင်းကောင်းတွေ ရလာပြီထင်ပါရဲ့။ 

ဧည့်ခန်းအတွင်းက ဆိုဖာခုံပေါ်မှာ ထိုင်နေသည့် ကောင်လေးက သူ့မြင်တော့ မရဲတရဲမျက်နှာပေးဖြင့်မေးရှာသည်။

“အစ်ကို ပိုးပိုး ဘယ်လိုနေလဲဟင် သက်သာလား ”

“အင်း သူဘာမှမဖြစ်တော့ပါဘူး ”

“ဟုတ်ကဲ့ ဟိုလေ အခုဘာဆက်ဖြစ်မှာလဲဟင် ”

“ဟင် ဘာကိုလဲ ”

“ပိုးပိုးကျောင်းထုတ်မခံရလောက်ပါဘူးနော် ”

ဒီကောင်လေးက သူတို့အိမ်အကြောင်းကို သေချာသိသေးပုံမရချေ။

“အဲ့လိုဘယ်တော့မှမဖြစ်ပါဘူး ပိုးပိုးကျောင်းတက်ရမှာပါ ”

ကန္တာရချယ်ရီ(BL)Where stories live. Discover now