(7)......Uni+Zg

378 41 4
                                    

ပထမအကြိမ်ဖြေဆိုသော လပတ်စာမေးပွဲ အမှတ်စာရင်းတွေ ထွက်လာပြီ။ယူရီရယ် ဒီနေ့ကျောင်းလာရတာ ရင်ခုန်မိသည်။ အရင်ရက်တွေတုန်းက ဘာသာရပ်အလိုက် အမှတ်စာရင်းများ သိရပြီးဖြစ်သောကြောင့် ဒီနေ့ အဆင့်ခွဲမည်။

“ဟေ့ ဟိုတယောက်”

အခန်းရှေ့ရောက်ရောက်ချင်းပဲ ပိုးနုရွှေခက်နှင့် မျက်နှာချင်းဆိုင်မိသည်။

“ဘာလဲ အတန်းခေါင်းဆောင်”

ယူရီရယ် သူမကို အတန်းခေါင်းဆောင်လို့သာခေါ်သည်။ အဲ့လိုအခေါ်ခံရတာကိုလည်း ပိုးနုရွှေခက် သဘောကျမည်မှာသေချာပင်။ လက်ထဲမှာ ကိုင်ထားသော ပန်းအိုးကို သူ့ရှေ့ကမ်းပေးရင်း...

“ရော့ ဒါ ဘုရားကျောင်းဆောင်ပေါ်တင်ပေး ငါမမှီလို့ ”

သူတို့အခန်းထဲက ဘုရားစင်သည် တော်ရုံမမှီသော အမြင့်မှာမို့ ဘုရားပန်းလဲသည့် ကျောင်းသူများက အရပ်ရှည်သော ကျောင်းသားများကို အကူအညီတောင်းရသည်။ အရင်တုန်းက ပိုးနုရွှေခက် တယောက်ယောက်ကို ခိုင်းစရာတောင်မလို လုပ်ပေးချင်ကြသူများက တောင်လိုပုံလို့။ တဖက်အခန်းတွေက ကျောင်းသားများတောင်ပါကြသည်။

ထိုင်ခုံတစ်ခုကို ယူကာ သေချာလေး ဘုရားပန်းအိုး ထားပေးလိုက်သည်။ ပိုးနုရွှေခက်နှင့် အရှည်အရှည် မဖြစ်ချင်တာကြောင့် ယူရီယယ် မြန်မြန်ဆန်ဆန်ပဲ ကိုယ့်နေရာကိုယ်သွားထိုင်ဖို့ ပြင်သည်။

“နေဦး နင် ဒီနေ့ ရီပို့ကတ်တွေရမှာသိတယ်မလား ”

“အင်း သိတယ်”

“နင် အဆင့် ဘယ်လောက်ရတယ်ထင်လဲ ”

ဒီစကားက ဘာလဲ။ ယူရီယယ် နည်းနည်းတော့ စိုးရိမ်မိသည်။ သူအမှတ်တွေ ကောင်းပါသည် ပြောရရင် ပိုးနုရွှေခက်နှင့် သိပ်မကွာ။

“နောက်ဆုံး အဂ်လိပ်စာ အမှတ်မထွက်သေးဘူးဆိုတော့ ငါသေချာမသိဘူး ”

“နင် အဆင့် ဘယ်လောက်ရတယ်
ထင်လဲ ထားပါတော့ဟာ အဂ်လိပ်စာ
အမှတ်ဘယ်လောက်ရမယ်ထင်လဲ”

“ငါ ကောင်းကောင်းဖြေနိုင်တယ် အမှတ်ပြည့်ရမယ်လို့ထင်တယ် ”

ကန္တာရချယ်ရီ(BL)Donde viven las historias. Descúbrelo ahora