(52)...(Uni+Zg)

285 33 0
                                    

အိမ်ပြန်ချိန်ဟာ သူ့အတွက် ငြိမ်းချမ်းမနေခဲ့။ ထုံးစံအတိုင်း သူများကိစ္စ ကိုယ့်ကိစ္စလုပ်ချင်နေတဲ့ သူစိမ်းတွေ ဆွေမျိုးတွေရဲ့ အကြည့်တွေကလည်း စိတ်ရှုပ်စရာကောင်းသည်။ ရေချိုးနေတုန်း တယောက်ယောက် ခေါ်သံကြားလို့ ဆောင်းည အပြင်ထွက်ကြည့်တော့ အလုပ်ရုံက အလုပ်သမားလေးဖြစ်နေသည်။ အမောတကော ပြေးလာသည့်ဟန်ကြောင့် တခုခု မကောင်းတာ ဖြစ်နေကြောင်းဆောင်းညရိပ်မိလိုက်သည်။

"အကိုကြီး အကိုကြီး "

"ဘာလဲ ဘာဖြစ်လို့လဲ "

"မပိုးနဲ့ အကိုကြီးရဲ့ ဦးလေးတွေ အလုပ်ရုံထဲမှာ ရန်ဖြစ်နေကြတယ်"

"ကျစ် ဟုတ်ပြီ လာပြီ လာပြီ "

တွေ့ရာ အဝတ်အစားတွေကောက်စွပ်ပြီး ဆောင်းည အိမ်ထဲက အထွက် စျေးက ပြန်လာသည့် မေမေနဲ့ပါ တွေ့သဖြင့် အလုပ်ရုံဖက်ကို သားမိနှစ်ယောက်ပြေးရပြန်သည်။ မေမေကတော့ ညီမလေးကို အပြစ်တင်ပေမယ့် သူကတော့ အကြောင်းတခုခုရှိမယ်ဆိုတာ ယုံပါသည်။ ဆောင်းညတို့ ရောက်တော့ ဦးလေးအငယ်နဲ့ ဒေါ်လေးတို့က စိတ်ဆိုးနေဟန်ရှိပြီး ပိုးပိုးကတော့ အလုပ်စားပွဲမှာ ထိုင်ကာ တခုခုပြောနေသည်။ ဒေါ်လေးတို့က ဆောင်းညနောက်က ပါလာသည့် မေမေကို တွေ့တော့ ဆီးကြိုတိုင်တန်းသည်။

"ဒေါ် နုမာလာနွယ် သမီးဖြစ်တဲ့ လူကို ဘယ်လိုများ ဆုံးမထားတာလဲ အကြီးကို အကြီးမှန်းမသိ ပြန်ပြောနေတာဆိုတာ ကြားလို့တောင် မကောင်းဘူး "

"ဒေါ်ဒေါ်တို့ အရင်လာစတာလေ ပိုးဘာသာ အလုပ်လုပ်နေတာကို ဒေါ်ဒေါ်တို့က ဘာလုပ်ပိုင်ခွင့်နဲ့ လာ စစ်လားဆေးလားလုပ်နေတာလဲ "

"ပိုးပိုး ပါးစပ်ပိတ်ထားစမ်းပါဦးအေ ဘာဖြစ်တာလဲ ပြောပါဦး "

မေမေက ဝင်တားသည်။ ဦးလေးငယ်က ဒိုင်ခံဖြစ်သမျှအကြောင်းကို ရှင်းပြသည်။ အကြောင်းရင်း မယ်မယ်ရရမရှိပါဘဲ ပိုးပိုး အလုပ်လုပ်နေချိန်မှာ ရောက်လာပြီး စစ်လားဆေးလားလုပ်ကြသည့် သဘောမျိုးပင်။

"အဲ့လိုမျိုးလုပ်စရာကို မလိုတာလေ ပိုး အလုပ်လုပ်တာ အခုမှမဟုတ်ဘူး ဖိုးဖိုး ရှိစဥ်ကတည်းက အားလုံးကို ပိုး သင်ယူခဲ့တာ ဒေါ်ဒေါ်တို့ ဦးဦးတို့က ဘာကိစ္စ ပိုးကို စစ်လားဆေးလားလုပ် နေကြတာလဲ "

ကန္တာရချယ်ရီ(BL)Where stories live. Discover now