(44)...Uni+ Zg

299 39 10
                                    

ကမ္ဘာမြေက ကျယ်ပြောလွန်းတယ်
သံသရာကို မှီနိုင်မလားကွယ်
ချစ်ခြင်းမေတ္တာက ခမ်းနားတယ်
သူ့အပြုံးလောက် မလင်းလက်ပါကွယ်
တူညီရာတွေ ကွဲပြားတာတွေထားခဲ့
အရိပ်လိုရင် ဖန်တီးပေးမယ်
အန္တရာယ်ကြုံလာရင်
ကာကွယ်ပေးမယ်
လိုရာအရပ်ကို စေနိုင်တယ်
ထားရာအရပ်မှာတော့ မနေနိုင်ပါတယ်
အနန္တစကြာဝဠာရဲ့ အစွန်းတဖက်မှာ
သူသာရှိရင် လောကဓံကို ဉပက္ခာပြုလို့
မာနတရားကို ချနင်းခဲ့မယ်
ကျွန်တော်ဟာ အစ်ကို ကို့ချစ်ဖို့ လောကကြီးကို ကျောခိုင်းထားတယ်

ပြောင်းလဲလာတဲ့ အမူအကျင့်တွေရဲ့ အကြောင်းရင်းခံဟာ သူဖြစ်မှန်းသိလိုက်ရတဲ့အချိန် ယူရီရယ့်စိတ်ဟာ ငရဲကျသလိုပဲ ခံစားလိုက်ရတယ် ။ တသက်လုံး လူသားတယောက် အဖြစ် မွေးဖွားလာလို့ ဂုဏ်ယူခဲ့ရတဲ့ ဒီခန္ဓာကိုယ်ကို မုန်းမိတယ်။ ကံကြမ္မာကို ရွေးချယ်ခွင့်ရခဲ့ရင်  တချို့ ဘဝပေး အကြောင်းတရားတွေကို ပြောင်းလဲပစ်ချင်ပါရဲ့။ ရွေးချယ်ခွင့် မရပေမယ့် လက်လွှတ်ဖို့လည်း မဖြစ်နိုင်လို့ ဆက်ချစ်ရုံမှတပါး အခြားမရှိ။

လေတိုက်လို့ တဖြုတ်ဖြုတ်ကြွေကျလာတဲ့ မယ်ဇယ်ပွင့်တွေလို အစ်ကို့ခြေရင်းမှာ ဝပ်ဆင်းခစားချင်လိုက်တာ။ နေဝင်တော့မှာမို့ ကောင်းကင်ဟာ ပုဇွန်ဆီရောင်သန်းနေသလို အင်းရေပြင်ဟာလည်း နီဆွေးလို့ အလွမ်းရောင် တောက်နေလေရဲ့။ သူ့ဖက်က ဖွင့်ဟ လာသမျှ စကားတွေကို အစအဆုံး နားထောင်ပေးပေမယ့် တစုံတရာ တုံ့ပြန်လာခြင်းမရှိတဲ့ အစ်ကိုဟာ ဘာတွေ အတွေးလွန်နေလဲ သိချင်စမ်းပါဘိ။

“အစ်ကို တခုခုတော့ ပြောပါဦး ”

“အိမ်မက်မက်နေသလိုပဲ ”

“အိမ်မက်မဟုတ်ပါဘူး အစ်ကို့ရှေ့က ဒီလူသားက  အစ်ကိုကို ချစ်ခင်မြတ်နိုးပါတယ်ဆိုတဲ့ အကြောင်းကို တကယ် ဖွင့်ပြောနေတာပါ  ဖြေပါ အစ်ကိုလည်း ကျွန်တော့်ကို ချစ်နေရဲ့သားနဲ့ ”

“ယုံကြည်မှုလွန်ကဲနေတာ မဟုတ်ဘူးလား ”

“အစ်ကို မငြင်းနဲ့ ကျွန်တော် ကိုဇွဲဆီကနေ အကုန်ကြားပြီးပြီ ”

ကန္တာရချယ်ရီ(BL)Where stories live. Discover now