(13)......Uni+Zg

314 45 7
                                    

ငယ်ရွယ်စဥ် မှတ်ဉာဏ်မှာပေါ့ …

“အနီရောင်ထက်က အဖြူရောင်  ပြီးတော့ အရောင်စုံ ဝန်းရံလို့
ထိုအဖြူရောင်လေးဟာ  တခုသော မနက်ခင်းနေရောင်နှင့်အပြိုင်  တောက်ပခဲ့တယ် ”

#ဆောင်းညဦး

**************************

“မပြီးသေးဘူးလား ညီမလေး ကိုကိုကျောင်းနောက်ကျတော့မယ် မဟုတ်ရင်လည်း ဒရိုင်ဘာဦးလေးကိုပဲလိုက်ပို့ခိုင်းလိုက် ကိုကိုက ဒီနေ့အသင်းတာဝန်ရှိသေးတယ် ”

“ပြီးပါပြီကိုကိုရဲ့ ခဏလေးပါ မနေ့ညက မိုးမိတော့ ပိုးပိုးစံပါယ်ပွင့်တွေ အကုန်ကြွေကုန်လို့ မနည်းပြန်ရှာခူးလာရတယ် ”

“ဘယ်သူ့ဖို့လဲ ဆရာမပေးဖို့လား”

ညီမလေးက ပန်းပွင့်များကိုသဘောကျပေမယ့် ပန်းပန်ရတာကိုနှစ်သက်သူမဟုတ်သောကြောင့် သူမေးမိသည်။ ဒီကောင်မလေး မနက်ကတည်းက ခြံထဲက စံပါယ်ရုံတွေနား ကပ်တတ်တတ်လုပ်နေတာ ဘယ်ဆရာမကိုများလာဘ်ထိုးမို့ပါလိမ့်။

“ဟင့်အင်း မဟုတ်ဘူး ဆရာမတွေဖို့ဆို ဒီပြင်မေမေစီစဥ်ပေးတာ ပေးမှာပေါ့ ရှိတယ် သူငယ်ချင်းအသစ်ရောက်လာတာ သူက ပန်းကြိုက်တယ်ထင်တယ် နေ့တိုင်းခေါင်းပေါ်မှာ ပန်းတမျိုးမျိုးပန်လာတတ်တယ်လေ ”

“အဲ့ဒီသူငယ်ချင်းအသစ်နဲ့တော့ အကြာကြီး တည့်အောင်ပေါင်းပါညီမလေးရယ် ”

“အဲ့တာတော့ အာမ မခံနိုင်ပါဘူး ပိုးက သူ့ကိုသည်းခံပေါင်းရအောင်် ပိုးမှာလည်း အားနည်းချက်မရှိဘူး သူ့မှာလည်း ပိုးထက်သာတာ ဘာမှမရှိဘူး”

“ပိုးပိုး ညီမလေးရယ် အဲ့လိုပုံမျိုးနဲ့ဆို ညီမလေး ဘေးမှာ သူငယ်ချင်းတစ်ယောက်မှတောင် ရှိတော့မှာမဟုတ်ဘူး ”

“မရှိရှိပေါ့ ပိုးကတော့ သဘောမကျရင် ချက်ချင်း ဂျောင်းပဲ ဘာမှ သိပ် အောက်ကျနောက်ကျခံနေမှာမဟုတ်ဘူး  သူကောင်းရင် ပိုးက မဆိုးပါဘူး”

“ကဲကဲ သွားရအောင် စက်ဘီးပေါ်တက် ကိုကိုတကယ်နောက်ကျနေပြီ ”

ကန္တာရချယ်ရီ(BL)Where stories live. Discover now