(33)Uni+Zg

273 36 5
                                    

အဖြူရောင်နှင့် နက်ပြာရောင် ယူနီဖောင်းကို သပ်သပ်ရပ်ရပ်ဝတ်ထားသည့် ကောင်လေးတယောက်ရဲ့ ဓါတ်ပုံကို ဆောင်းည  ကြည့်နေတာကြာလှပြီ။မောင်မယ်သစ်လွင်ကြိုဆိုပွဲဟူသော စာတမ်းပါသည့် အခမ်းအနားအပြင်ဆင်ကို နောက်ခံထားပြီး ရိုက်ထားသည့် ဓါတ်ပုံထဲက ကောင်လေးက မေဂျာking သာမက နည်းပညာတက္ကသိုလ်တခုလုံးရဲ့ kingတဲ့ ။ ပါးဖောင်းဖောင်းလေးတွေပျောက်ကာ မေးရိုးထင်းလာသည်။ မျက်ရစ်မပါတဲ့ မျက်ဝန်းနက်တွေက တည်ငြိမ်မှု့ကို ဆောင်ကြဥ်းလာသည်။ ရုပ်ပိုင်းဆိုင်ရာ အရဆို ဒီကောင်လေး အများကြီးပြောင်းလဲသွားသည်။  မပြောင်းလဲသေးတာက သူနဲ့ စကားပြောချိန်တိုင်း တဖွဲ့တနွဲ့ ပြောတတ်တာလေးပင်။

“ဘယ်သူလဲ ဆောင်း အဲ့ဒီဓါတ်ပုံကိုကြည့်နေတာ မောင် ရေချိုးခန်းစဝင်ထဲကပဲနော် ”

ဘေးနားကိုရောက်လာတဲ့ ဇွဲသုတမောင်က ဆောင်းညကိုင်ထားသည့် ယူရီရယ့်ဓါတ်ပုံကို ငုံ့ကြည့်ရင်း မေးလာသည်။

“ကျွန်တော့် အငယ်လေးတွေလေ နည်းပညာတက္ကသိုလ်တက်နေတာ ဒီတယောက်ကတော့ အင်္ဂလိပ်စာမေဂျာတက်နေတာ ”

ယူရီရယ့်ပုံအပြင် သုံးယောက်ရိုက်ထားသည့် ဓါတ်ပုံလေးကိုပါ ဆောင်းညယူပြလိုက်သည်။ ဓါတ်ပုံကို ကြည့်ရင်း ဇွဲသုတမောင်က တခုခုကို သတိရသွားသလိုပြောလာသည်။

“ငါက ဆောင်းတို့မောင်နှမနှစ်ယောက်ပဲ ရှိတယ်ထင်နေတာ ဒီနှစ်ယောက်က အရင်းမဟုတ်ဘူးမလား ”

“ဟုတ်တယ် ကိုဇွဲ ညီမလေးတစ်ယောက်ပဲရှိတာ ကောင်လေးနှစ်ယောက်က ညီမလေးသူငယ်ချင်းတွေလေ အင်း ဖိုးဖိုးက မွေးစားထားတယ်ပဲ ပြောပါတော့ ”

“ဆောင်းနဲ့လည်း ရင်းနှီးတယ်ထင်တယ်”

“အင်း ဟုတ်တယ် ညီမလေးရဲ့ သူငယ်ချင်းတွေဆိုတော့ ကျွန်တော့်အတွက်လည်း ညီလေးတွေလိုပါပဲ ”

ဓါတ်ပုံကို ခဏကြာသည်အထိ ကြည့်ပြီးမှ ဇွဲသုတမောင်က ဆောင်းညကို ပြန်ပေးလေသည်။ အဝတ်ဗီရိုထဲက အဝတ်တွေ ရွေးနေရင်း ဆောင်းညကို လှမ်းပြောသည်။

“မောင်အင်္ကျီလဲပြီးရင် ဆိုင်ကယ်ပတ်စီးရအောင် ဆောင်းလိုက်မယ်မလား”

ကန္တာရချယ်ရီ(BL)Where stories live. Discover now