လရောင်ဟာ လူသားတွေကို အတွေးများစေတယ်ဆိုပေမယ့် ဆောင်းညအတွက်တော့ အနာဂတ်ကလွဲရင် ဘာမှ စဥ်းစားလို့မရ။ သူ့ဘဝရဲ့ ရွှေရောင်နေ့ရက်တွေဟာ ကုန်လွန်လာပြီထင်ပါရဲ့။ ဒီရက်ပိုင်းမှာ ပျော်ရွှင်မှု့ဆိုတာ ဘာလဲလို့တောင် ပြန်မေးရမတတ်ပါပဲ။
“ကိုကို မအိပ်သေးဘူးလား ”
သူ့ဘေးနားရောက်လာသည့် ညီမလေးက ကော်ဖီခွက်လေး လှမ်းပေးကာ မေးလာသည်။
“ပိုးပိုး ”
“ရှင် ကိုကို ဘာပြောမို့လဲ ”
“ပျော်ရဲ့လား ”
“ဟင် ဘာလို့လဲ ”
“မေးကြည့်တာပါ ရှေ့လျှောက် ဖိုးဖိုးနဲ့ ဖေဖေမရှိတော့ ညီမလေးနဲ့ မေမေ့ကို ကိုကို ပျော်အောင်ထားနိုင်ပါ့မလားလို့”
“စိတ်ထဲ တွေးပူမနေပါနဲ့ ကိုကို ပြီးတော့ မိသားစုဆိုတာ တယောက်ကို တယောက်ဖေးမရတယ်ဆိုပေမယ့် တယောက်ကချည်း သပ်သပ် အနစ်နာခံပြီး ပေးဆပ်စရာမလိုပါဘူး ညီမလေးလည်း မေးမယ် ကိုကိုရော ပျော်ရဲ့လား”
“ကိုကို အဆင်ပြေပါတယ် ”
“မဟုတ်ဘူး အဖြေမှားတယ် ကိုကိုဖြေပါ ပျော်လား မပျော်ဘူးလားပဲ ”
တခါတရံ ၂နှစ်ငယ်တဲ့ ညီမဖြစ်သူနဲ့ စကားပြောရတာလည်းမလွယ်။
“အင်း သိပ်တော့မပျော်ဘူးပဲ ”
“ပိုးလေ ကိုကိုကို့ အားမရတဲ့ အချက်တစ်ခုရှိတယ် ကိုကိုက အရမ်း…အင်း ဘယ်လိုပြောရမလဲ လိမ္မာလွန်းတာလားပဲ ”
.......
“ငယ်ငယ်ကတည်းက မိဘစကားတသွေမတိမ်းနားထောင်တယ် နာခံတယ် ကိုယ်တိုင် ဘာဖြစ်ချင်တယ် ဘာလုပ်ချင်ခဲ့တယ်ဆိုတာ မသိလောက်အောင်ပဲ ကိုကို တခါတလေ ဆိုးလိုက်စမ်းပါ လောကကြီးက သိပ်လှတယ် နောင်တမရစေနဲ့ ”
“လက်တဖက်မှာပါတဲ့ လက်ချောင်းတွေတောင် အတိုအရှည်မညီသေးတာ ကိုကိုတို့ကရော စိတ်အလိုကျဖြစ်မှာတဲ့လား ”
“အဲ့တော့ ကိုကိုက ဒီလိုပဲ စိတ်ထဲ တအုံ့နွေးနွေးခံစားနေတော့မှာလား ”
![](https://img.wattpad.com/cover/282504658-288-k512642.jpg)
YOU ARE READING
ကန္တာရချယ်ရီ(BL)