(2)Uni+Zg

791 49 0
                                    

“ဟူး လေးလိုက်တာကွာ”

“အင်း နံလည်းနံတယ် ”

ဆယ်ကျော်သက်အရွယ်ကောင်လေးနှစ်ယောက်ပါ။ ကြိုးဆိုင်းထားသော ပလတ်စတစ်ပုံးကြီးတပုံးကို သစ်သားဆိုင်းထမ်းနှင့် နှစ်ယောက်သား ညှပ်ထမ်းလာခြင်းဖြစ်သည်။ ပုံးထဲမှာ ခပ်ညစ်ညစ် အရည်တချို့က အပြည့်ပါလာသည့်အပြင် ဆိုးရွားသော အနံ့စူစူးအချို့ပါ သယ်ဆောင်လာသည်။ သယ်လာရင်းမှ တခုသော သစ်ပင်ရိပ်အောက်တွင် ထိုင်နားလိုက်ကြသည်။ နှစ်ယောက်လုံး၏ အမူအယာမှာကား မသက်သာလှ ချွေးစီးချွေးပေါက်များဖြင့် ပင်ပန်းနေဟန်။

“ငါတို့ ဘယ်နှခေါက်လောက် ကျန်သေးလဲ ”

“မသိဘူးလေ ထင်တာတော့ ဆယ်ခေါက်လောက်ပြီးသွားပြီဆိုတော့ ငါးခေါက်လောက်ပဲ ကျန်တော့မယ်ထင်တယ် ”

“အင်း မင်း ဒီရောက်လာတာကောင်းတယ် မဟုတ်ရင် ဟိုကောင် ထော့ကျိုးနဲ့ ငါ အလုပ်လုပ်ရတာ အဆင်မပြေဘူး”

“ထော့ကျိုး အော် ငါ့ရှေ့က တစ်ယောက်လား သူက ဘာဖြစ်တာလဲ ခြေထောက်က ဒဏ်ရာရထားတာလား ”

“အင်း သူဒီရောက်လာကတည်းကပဲ ဆိုပါတော့ ဆရာကြီးတို့ ကုပေးလို့ ဒီလောက်ကောင်းလာတာ ရောက်စကဆို ခြေထောက်တောင် မထောက်နိုင်ဘူး”

“သူက ဘယ်ကလဲ ဘာဖြစ်လာတာလဲ”

“သူ့အဖေနဲ့အမေက သူရောပါတယ်  တောထဲမှာ မျှစ်ချိုးနေတုန်း မိုင်းနင်းမိတာလေ သူ့မိဘတွေ ကတော့ ပွဲချင်းပြီးပဲ သူပဲကျန်ခဲ့တာ ထုံးစံအတိုင်း ငါတို့လို တကောင်ကြွက်ဖြစ်ပြီး ဒီရောက်လာတာပဲ”

“အော် သနားပါတယ် ”

“ဟမ့် ဇွတ်သနားမနေနဲ့ ကိုယ့်အခြေအနေလည်းသိဦး ဒီမှာ ငါတို့အားလုံးက ဘဝတူတွေပဲ ပြောပါဦး မင်းကရော ဘာလို့ ဒီရောက်လာတာလဲ”

“အင်း ငါလဲ အတူတူပါပဲ ငါ့မိဘတွေသေသွားကြတယ် ငါတို့မောင်နှမတွေ ဒီလိုပဲဖြစ်သလို ကြိုးစားပြီးနေခဲ့ပေမယ့် နောက်ဆုံးတော့ ငါတစ်ယောက်ထဲ ကျန်ခဲ့တာပဲ မို့လို့ ....ဒီကို လိုက်ပို့ကြတာ ”

“ဟင် မင်းမိဘတွေက ဘယ်လိုသေသွားကြတာလဲ မင်းမောင်နှမတွေကရော ဘာဖြစ်သွားတာလဲ ရှင်းရှင်းလင်းလင်းပြောလေကွာ ”

ကန္တာရချယ်ရီ(BL)Where stories live. Discover now