နှလုံးသားမြေအလွှာမှာပျိုးတဲ့ပန်းမို့ မွှေးရနံ့ကြွယ်ကာသင်းရင် မေတ္တာတရားလို့သာခေါင်းစဥ်တပ်ချင်ပါရဲ့ဒီဇင်ဘာရဲ့ အအေးပိုတဲ့ တရက်ကို
ဒီလိုပဲကျော်ဖြတ်ရဦးမယ်။ ဖြူဖွေးနေတဲ့ နှင်းချပ်တွေက မနက်ခင်းကို ကြိုလင့်နေတယ်။ တောင်ကုန်းပေါ်က လွင့်လာတဲ့ ဝက်သစ်ချပင်ရဲ့လတ်လတ်ဆတ်ဆတ်ရနံ့ကို ရှုရှိုက်ရင်း စာအုပ်တအုပ်ဖတ်ဖြစ်တယ်။ရှည်လျားလွန်းတဲ့ တနေ့တာရဲ့ ထုံးစံအတိုင်းမကြာခင် ပွင့်လာတော့မယ့် ပန်းပင်တန်းကို ရောက်ဖြစ်တယ်။ ဒီဒေသရဲ့ ကြည်ပြာရောင် ရေနတ်သမီးပန်းခင်းက ဟိုးအဝေးတနေရာက မိုးကြိုပန်းတွေအတိုင်းပဲ။ မြို့လယ်က ရေကန်ငယ်ဟာ နေရောင်မခလို့ အေးစက်နေလေရဲ့။
မြို့ကိုကာရံထားတဲ့ တောင်နံရံတဖက်ဆီတိုးဝှေ့နေဆဲ တိမ်စိုင်တွေကို ပုံကြမ်းဆွဲကြည့်ပေမယ့် စုတ်ချက်တွေက မိုင်ပေါင်း ၄၇၀၀ကျော်က တနေရာကိုပဲ ထင်ဟတ်နေလေရဲ့။ ကန်ရေပြင်အလယ်က ငန်းရိုင်းလေးတစ်ကောင်ကိုတော့ ထည့်မဆွဲတော့ဘူး။ အေးစက်စက်ဆောင်းလယ်မှာ သူတစ်ကောင်တည်း အဖော်မဲ့နေတာ မဟုတ်ဘူးလေ။
YOU ARE READING
ကန္တာရချယ်ရီ(BL)