Extra(2)

343 28 2
                                    

ခပ်သည်းသည်းရွာကျနေတဲ့ မိုးပေါက်တွေဟာ ပိုစိတ်လာသလို သူ့အတွေးတွေဟာလည်း ပိုမို နက်နဲလာတယ်။ ငယ်စဉ်ကတည်းက အရာရာကို သင့်တင့်မျှတစွာ တွေးတောဆင်ခြင်တတ်ဖို့ သင်ကြားခြင်းခံခဲ့ရသူဖြစ်ပေမယ့် ဒီတခါတော့ သူအတွေးတွေ လွန်မနေဖို့သာ မျှော်လင့်ရသည်။ ပြတ်ပြတ်ထင်ထင် မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်ဟာ အစစ်အမှန်ဖြစ်ကြောင်း ကိုယ်တိုင်သိပေမယ့် နှလုံးသားကတော့ လက်မခံချင်။ အကြောင်းတရားဟာ ချစ်ရသူဖြစ်နေလေတော့ မကောင်းတာ မှန်သမျှ ငြင်းပါယ်မိရုံသာ။

ဒီနေ့ကျောင်းက အပြန် ဈေးချိုမှာ စာရေးကိရိယာ အချို့ ဝယ်ယူရန် ဆောင်းညရောက်သွားခဲ့သည်။ အမြဲလိုလို ဝယ်ယူနေကျ ဆိုင်ရဲ့ ပိုင်ရှင်နဲ့ စကားပြောနေခိုက် သူ့ မြင်ကွင်းထဲကို ဝင်လာသူနှစ်ယောက်။ အမျိုးသမီးတစ်ယောက်နှင့် အမျိုးသားတစ်ယောက်ဟာ သိပ်ကို ရင်းနှီးပုံပေါ်သည်။ အမျိုးသမီးရဲ့ ပခုံးစွန်းကို အသာအယာ တင်ထားတဲ့ လက်တဖက်ရဲ့ အနေအထားဟာ ထိုလက်ပိုင်ရှင်အမျိုးသားရဲ့ ဂရုစိုက်တတ်မှု့တွေကို အတိုင်းသားတွေ့နေရသည်။ ဘေးတိုက်မြင်လိုက်ရတာတောင် လိုက်ဖက်ညီစွာ ရယ်မောနေကြသည့် လူနှစ်ယောက်ကြောင့် ဆောင်းည အာရုံတွေ ရပ်တန့်သွားရသည်။ သူ့ဖက်ကို လှည့်လာတဲ့ အမျိုးသားရဲ့ မျက်နှာ အစိတ်အပိုင်းဟာ အပြည့်အဝ မမြင်လိုက်ရဘူးဆိုပေမယ့် ဆောင်းညအတွက် မှတ်မိဖို့ လုံလောက်ပါသည်။  တစ်မိနစ်ရဲ့ သုံးပုံတစ်ပုံတောင် မရှိတဲ့ အချိန်ဟာ အဆိုပါ လူသားရဲ့ မျက်နှာမြင်တွေ့ရခြင်းသည် သူ့အတွက် လုံလောက်သော ကမ္ဘ္ဘာပျက်ခြင်းကို ဖြစ်ပေါ်စေသည်။

ဘာလုပ်သင့်သလဲ

ခက်ရချေရဲ့။ ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ ဇာတ်လမ်းတွေထဲကလို သူတို့နှစ်ယောက်ရှေ့သွားပြီး ဘယ်လိုလုပ်ရပ်တွေလုပ်နေတာလဲဆိုပြီး ရန်တွေ့သင့်သလား။ ဒါမှမဟုတ် သက်သေအဖြစ် ဓါတ်ပုံရိုက်ယူထားပြီးမှ ရှင်းပြစမ်းပါဦးလို့ သွားပြောရမလား။ ခပ်ညံ့ညံ့အတွေးတွေဟာ တခဏခြင်းဖြစ်တည်လာပေမယ့် သူတခုကိုမှ မရွေးချယ်မိ။

အနည်းဆုံးတော့ ကိုယ် မင်းကိုယုံတယ် မင်းပြောတဲ့ ရှင်းပြချက်တွေကို နားထောင်ချင်တယ်

ကန္တာရချယ်ရီ(BL)Where stories live. Discover now