(18)......Uni+Zg

275 40 9
                                    

"ပိုးနုရွှေခက် နောက်နေ့ချိုင့်ထဲမှာ ထမင်းဟင်းတွေကျန်လာရင် အရိုက်ခံရမယ် "

ကျောင်းလာတဲ့လမ်းတလျှောက်လုံး အမေဖြစ်သူရဲ့ ရာဇသံကိုသာ ကြားနေရသည်။ဖြစ်ပုံက ဒီလို။ လွန်ခဲ့တဲ့ တပတ်လောက်တုန်းက ပိုးနုရွှေခက် ဘာရယ်မဟုတ် ကျောင်းကိုနေ့လည်ထမင်းချိုင့်ထုတ်ယူချင်သည့် ရောဂါက ရုတ်တရက်ထလာသည်။ အိမ်က အကြိုအပို့လုပ်တာမို့ နေ့လည်ထမင်းပြန်စားနေကျဖြစ်သည်။ ပြီးတော့ ဖိုးဖိုးကလည်း မြေးမဖြစ်သူကို နေ့လည်ကျောင်းဆင်းချိန်မှာ မျက်နှာလေးဖြစ်ဖြစ် တွေ့ချင်သည်ဟုဆိုသောကြောင့် ကျောင်းတက်လာသည့်တလျှောက်လုံး ကျောင်းကို ထမင်းချိုင့်ယူမလာခဲ့ရ။ တခါတလေ ဘာရယ်မဟုတ် အထူးအဆန်းဖြစ်အောင်လို့ ထမင်းချိုင့်ယူမည်ဟုဆိုကာ မိခင်ဖြစ်သူနဲ့ အတိုက်အခံလုပ်လာခြင်းပင်။ တရက်နှစ်ရက်ကတော့ အဆင်ပြေသည်။ နောက်ရက်တွေကျတော့ ပိုးပိုးရဲ့ ထမင်းချိုင့်ထဲမှာ ထမင်းဟင်းတွေ ပြန်ပါလာတာကြောင့် အဆူခံရခြင်းပင်။

"ကိုကို ညီမလေးတို့အခန်းနား ဘာလာလုပ်တာလဲ "

"ညီမလေးကိုပြောစရာရှိလို့ "

နေ့လည်စာ ဘယ်လိုကုန်အောင်စားရမလဲဆိုတာကို ဉာဏ်နီဉာဏ်နက်ထုတ်နေချိန် အစ်ကိုဖြစ်သူက မလာစဖူးရောက်လာတာကြောင့် ပိုးပိုးအံ့သြသွားရသည်။

"နေ့လည်ထမင်းစားဆင်းရင် ကိုကို့ကိုစောင့်ဦး ထမင်းတူတူစားမယ် "

"ကိုကိုရော ထမင်းချိုင့်ယူလာတာလား"

"အင်း ယူလာတယ် မနက်က ညီမလေး ကျောင်းအစောသွားလို့မသိတာ ကိုကိုတို့ ဘင်ခရာအဖွဲ့က ပြိုင်ပွဲနီးနေပြီမို့ အားလပ်ချိန်ရတုန်း လေ့ကျင့်ရမှာလေ အဲ့တာကြောင့် အိမ်မပြန်တော့ဘူး "

"ဟီး အတော်ပဲ ညီမလေးထမင်းတွေ ကူစားပေးရမယ်နော် "

"ဟား ဟုတ်ပါပြီဗျာ "

နေ့လည်ထမင်းစားဆင်းတော့ စာသင်ခန်းရှေ့က ယူကလစ်ပင်ကြီးအောက်မှာ ကိုကိုက စောင့်နေလေသည်။ ပိုးပိုး ထမင်းချိုင့်ယူပြီး အနားရောက်တော့ ...

"လာ ညီမလေး ဒါနဲ့ ဟိုကောင်လေးရော မပါဘူးလား "

"ဟမ် ဘယ်သူလဲကိုကို "

ကန္တာရချယ်ရီ(BL)Tempat cerita menjadi hidup. Temukan sekarang