(19)......​Uni+Zg

264 41 3
                                    

တဒုန်းဒုန်း တဒိုင်းဒိုင်းတီးခတ်ကာ ချီတတ်လာသော ဘင်ခရာတပ်ဖွဲ့ကို အတန်းစုံမှ ကျောင်းသူကျောင်းသားတွေက ထွက်ကာ အားပေးနေကြသည်။သပြေပန်းနှင့် နှင်းဆီပန်းများကို လှလှပပစီးနှောင်ကာ ဆရာဆရာမများဦးဆောင်သော ပန်းပွားအဖွဲ့က ကမ်းပေးကြသည်။ ဒီနှစ်သူတို့ကျောင်းက မြို့တော်ဝန်ချီးမြှင့်သော   မြို့နယ်လုံးဆိုင်ရာအကောင်းဆုံး ဘင်ခရာအဖွဲ့အဖြစ် ဆုရခဲ့သည်။ လာမည့် ဒီဇင်ဘာလမှာ ဝန်ကြီးကြွရောက်ချီးမြှင့်မည့် အားကစားပွဲတော်တွင် ဖျော်ဖြေရမည်ဖြစ်သည်။ ဆုယူလာသော ဘင်ခရာအဖွဲ့သည် ကျောင်းပြန်ရောက်သည်နှင့် တန်းစီးကွင်းထဲမှာ ဆက်လက်ပြီးဖျော်ဖြေနေသေးသည်။ ဒီနေ့တော့ ဘယ်အတန်းမှာမှ ဆရာဆရာမတွေ စာသင်တော့မည်မဟုတ်။

ဂျူနီယာတန်းအဖွဲ့ဝင်ဖြစ်သော ယူရီရယ်တို့သည်ပင် အဖွဲ့နှင့်အတူတွဲဖက်ကာ ဖျော်ဖြေရသည်။ ထို့နောက် ပန်းပွားအဖွဲ့တွေရော အားကစားအဖွဲ့တွေရော ရှုပ်နေတာမို့ တန်းစီကွင်းအတွင်းလူတွေပြည့်နေသည်။ သူ့ဆီက ကျိုင်းကို အတင်းတောင်းယူကာ ဆော့ကစားနေသော သူငယ်ချင်းဖြစ်သူများကို ကြည့်ကာ ရယ်မောနေသည့် ဆောင်းညဦးအနား အရိပ်ကလေး သုံးခုက အပြေးရောက်လာသည်။ လှည့်ကြည့်လိုက်တော့  နှင်းဆီပန်းပွင့် ကိုယ်စီကိုင်ထားသော လက်ကို ဆန့်တန်းလျှက် ပြုံးရွှင်နေသော ကလေးသုံးယောက်။ 

“ဂုဏ်ပြုပါတယ် အစ်ကိုဆောင်းညဦး”
“ကိုကို ကွန်ဂရက်ကျူလေးရှင်း ”
“အစ်ကို့  အတွက်ပါ ”

“ကျေးဇူးပဲ ကလေးတို့ ”

ဆောင်းညဦး ယူရီရယ်တို့ပေးသော နှင်းဆီပန်း သုံးပွင့်ကို ယူလိုက်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။

“မောနေလား အစ်ကို ရေသောက်မလား ”

အလိုက်သိသည့် ယူရီရယ်က အသင့်ယူဆောင်လာသည့် ရေဗူးကို ဖောက်ပေးလိုက်သည်။ ပိုးပိုးကတော့ သူဆောင်ထားနေကြ လက်ကိုင်ပုဝါကို ကမ်းပေးသည်။ ဆောင်းည လက်ကိုင်ပုဝါနှင့် နှဖူးက ချွေးတွေကို အရင်သုတ်လိုက်သည်။ ဖွင့်လက်စ ရေသန့်ဗူးကို သောက်မည့်ဆဲဆဲ နောက်ကနေ သူ့နာမည်ကို ခေါ်လာသည်ကြောင့် လှည့်ကြည့်လိုက်တော့ အတန်းဖော် ကောင်မလေးနှစ်ယောက်။

ကန္တာရချယ်ရီ(BL)حيث تعيش القصص. اكتشف الآن