(30)......Uni+zg

287 42 3
                                    

တချက်ချက်ရွေ့နေတဲ့ နာရီသံကို အဖော်ပြုရင်း ယူရီရယ် ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်နေမိသည်။ အိပ်ဆောင်တခုလုံး မီးပိတ်ထားသဖြင့်မှောင်နေသော်လည်း ဟိုးနားဒီနားက ချိုးချိုးချွတ်ချွတ်အသံတွေကြားနေရသည်။ ကျန်တဲ့သူတွေလည်း စိတ်လှုပ်ရှားနေသည်ထင်ပါရဲ့။ အစ်ကိုပြောတာတော့ မနက်ခင်း လေးနာရီလောက်ဆို ကျောင်းမှာ အောင်စာရင်းတွေကပ်ပြီတဲ့။ နာရီက ဆယ့်နှစ်ကျော်ကျော်ပဲရှိသေးသည်။ ယူရီရယ် အိပ်မပျော်နိုင်သဖြင့် အိပ်ယာမှ အသာထကာ ဂေဟာရှေ့ပန်းခြံထဲသွားဖို့ စဥ်းစားလိုက်သည်။

မိုးရိပ်မိုးသားကင်းသော ကောင်းကင်ပြင်က လရောင်ကြောင့် ဥယျာဉ်ထဲက ဒေလီယာပန်းခင်းကြီးကို အတိုင်းသားမြင်နေရသည်။ အနီးနားက စက္ကူပန်းခြုံ အောက်မှာ ရှိသည့် ခုံတန်းရှည်ပေါ်တွင် လှဲလျောင်းလိုက်ရင်း ယူရီရယ် အစ်ကိုဆောင်းည ဆီက နောက်ဆုံးရထားသည့် စာကို ပြန်ဖတ်လိုက်သည်။
အစ်ကိုက ဒီ၂နှစ်အတွင်း အိမ်ပြန်လာသည့် အကြိမ်အရေတွက်က နည်းပါးသော်လည်း သူဆီကိုတော့ လစဥ်လို စာပုံမှန်ရေးသည်။

အားလုံးအဆင်ပြေသွားမှာပါ မျှော်လင့်ထားသလိုဖြစ်မလာလည်း စိတ်မပျက်နဲ့ အားမလျှော့လိုက်နဲ့ လူဆိုတာ ဘယ်လောက် ဒုက္ခတွေများနေပါစေ အသက်ရှုနေတယ်ဆိုရင်ပဲ အရာအားလုံးကို အနိုင်ယူနိုင်တယ် အစ်ကို မင်းကို ယုံတယ် ယူရီရယ် ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ဘယ်နေရာကိုပဲရောက်ရောက် မင်းက အဝင့်ကြွားဆုံးဖူးပွင့်နိုင်တဲ့ ကန္တာချယ်ရီတွေလိုပဲ နွေဥတုရဲ့ ကြမ်းတမ်းတဲ့ အပူဒါဏ်ကိုလည်း ကောင်းကောင်းကျော်ဖြတ်နိုင်ပြီး မုတ်သုန်မိုးရိုင်းတွေကြားမှာလည်း ထည်ဝါမှုမပျက်ဘဲ ပွင့်လန်းနိုင်တဲ့ ကန္တာရချယ်ရီတွေဟာ မင်းပါ …
စိတ်လှုပ်ရှားလား ရင်ခုန်လား
စိုးရိမ်လား ဒေါသထွက်သလား
ပျော်ရွှင်နေသလား မျက်လုံးမှိတ်ပြီး မြင်ယောင်ကြည့်လိုက် အဲ့ဒီပန်းနုရောင် ပန်းပွင့်တွေရဲ့ တည်ငြိမ်ဝင့်ကြွားမှုကို ခံစားကြည့်လိုက် အားလုံးကျော်ဖြတ်အနိုင်ယူနိုင်မှာပါ ယူရီရယ် …အစ်ကို့ရဲ့ သတ္တိရှိတဲ့ကလေးလေး

ကန္တာရချယ်ရီ(BL)Where stories live. Discover now