Final Ep:(60)...Uni+Zg

810 51 4
                                    

အဖြူရောင် ဖရေစီယာ ပန်းတို့ဖြင့် အလှဆင်ထားသော ဘုရားကျောင်းဝင်းအတွင်း ပျားပန်းခတ်မျှ သွားလာလှုပ်ရှားနေသူအပေါင်းတို့သည် ကြင်သူနှစ်ဦးရဲ့ မင်္ဂလာပွဲကို ဂုဏ်ပြုဖို့ရောက်နေကြသူများဖြစ်သည်။ ပန်းရောင်လီလီပန်းများထိုးထားသည့် မင်္ဂလာလျှောက်လမ်း၏ အဆုံးမှာ ရိုးရှင်းသော ဒီဇိုင်းဖြင့် ဖန်တီးထားသည့် မင်္ဂလာစင်မြင့်။ ဘေးဖက်မှာတော့ မဟော်ဂနီရောင် ပီယာနိုတလုံးက နေရာယူထားသည်။

"မကြာခင်မင်္ဂလာအချိန်ကျရောက်လာတော့မှာမို့ ဂုဏ်သရေရှိ ဧည့်ပရိသတ်အပါင်း နေရာယူပေးကြပါဗျာ "

အခမ်းအနားမှူးဖြစ် တာဝန်ယူထားသည့် ဒေါက်တာ
ဇွဲသုတမောင်။ ကြည်လင်ပြတ်သားသော ကြေညာသံအဆုံးမှာ ပရိတ်သတ်အပေါင်းတို့၏ စကားသံခပ်ကျွတ်ကျွတ်က ဆိတ်ညိမ်သွားသည်။ ဖာသာက မင်္ဂလာစင်မြင့်ထက် နေရာယူပြီးတော့ အောက်က နှစ်ဖက်မိဘနေရာကို လူစံမစုံ အခမ်းနားမှူးက တချက် စစ်ဆေးလိုက်သည်။ ဒေါ်နုမာလာနွယ်က တဖက်မှာ နေရာယူထားသလို ကျန်တဖက်မှာလည်း ဂေဟာမှူးနှင့် နန်းစင်သီယာတို့က နေရာယူထားသည်။ အားလုံးရဲ့ မျက်နှာပေါ်မှာ အပြုံးကိုယ်စီဖြင့် ။

"သတို့သားနှင့် သတို့သားအရံများနေရာယူပြီးပြီဆိုတော့ သတို့သမီး နေရာယူလို့ရပါပြီ "

လျှောက်လမ်းအစမှာပွင့်လာသည့် ခန်းမတံခါး။ ပထမဆုံး မြင်လိုက်ရသည်က ဂါဝန်ဖြူဖြူလေးနှင့် လှပသော ဘိုကပြားမလေးတစ်ယောက် ပန်းခြင်းကို ဆွဲကိုင်ကာ အိဒြေ္နရ ရရ ထွက်လာသည်။ သူ့နောက်မှာတော့ အနောက်တိုင်း ဝတ်စုံအဖြူလေးဖြင့် ငါးနှစ်အရွယ် ကောင်လေးတယောက်က မင်္ဂလာ လက်စွပ်ဗန်းကို ကိုင် လျှောက်လာသည်။ ကလေးလေးနှစ်ယောက်၏ ချစ်စရာ အပြုအမူကြောင့် ကြွရောက်လာသည့် ပရိတ်သတ်အားလုံး ကြည်နူးရသည်။ ထို့နောက် လျှောက်လမ်းတလျှောက် ကျဲချထားသည့် နှင်းဆီ ပွင့်ဖတ်တွေကို နင်းလျှောက်လာသူက အဖြူရောင် အနောက်တိုင်း ဝတ်စုံဖြင့် ချောမောခန့်ညားနေသည့် ဆောင်းညဦး။ သူ့ရဲ့ လက်မောင်းကို တွဲချိတ်ထားသည့် သတို့သမီးနှင့် လိုက်ဖက်စွာ ယှဉ်တွဲလျှောက်လှမ်းလာသည်။

ကန္တာရချယ်ရီ(BL)Where stories live. Discover now