Extra(5)

411 26 4
                                    

 ဆောင်းဦးရာသီရောက်လာပြီမို့ မြင်မြင်သမျှက ရောင်စုံသစ်ရွက်တွေဖြင့် အလှဆင်ထားသည်။ တခါတလေ အိမ်ရှေ့က မေပယ်ပင်နှင့် ဝက်သစ်ချပင်တို့က တပြိုင်တည်းလိုလို အရွက်ကြွေတတ်သဖြင့် ခဏခဏ ရှင်းလင်းပေးရလေ့ရှိသည်။ ဥရောပတိုက်ရဲ့ ဆောင်းဦးဆိုတာ သည်လိုပဲ လှသလောက် အလုပ်ရှုပ်တတ်သည်။ မကြာခင်ကမှ ရွက်ဟောင်းတွေခြွေချထားသည့် ကျူးလစ်ဥတွေကိုလည်း ရေတွေမခဲခင် မှန်လုံအိမ်ထဲ ထည့်ရမည်။ နှစ်ကုန်ကျရင်အသစ်လဲရမည့် ဝက်သစ်ချစည်အတွင်းမှ ဝိုင်တွေကလည်း သူတို့ကို သိမ်းပါ ဆည်းပါဟု မြေအောက်ခန်းထဲကနေ အသံမထွက်ရုံတမယ်စောင့်နေပြန်၏။ ဒီလောက် အလုပ်တွေရှုပ်တာကို တယောက်သောသူက ပြန်မလာသေးပေ။ 

နှုင်းမှုန်တွေဖုန်းနေသော ကောင်းကင်ပြင်မှာ နေလုံးကြီးတောင် ကွယ်ပျောက်သွားတာကြာပြီ။ သူတို့နေထိုင်တာ  နှစ်ထပ်တိုက်ကလေးမို့    ပီတူးနီးယားတွေစိုက်ထားတဲ့ အပေါ်ထက် ဝရံတာက မီးတွေကို အရင်ထွန်းထားလိုက်သည်။ ပြီးတော့ မြန်မာပြည်က တကူးတကမှာထားသည့်  ယွန်းမီးအိမ်လေး သုံးလုံးကို အောက်ထပ်က အဓိက နေရာတွေမှာ ချိတ်ဆွဲထားလိုက်သည်။ တဆက်တည်း မီးဖိုခန်းသို့ဝင်ကာ ဟင်းချိုအိုးကို ပြန်နွေးလိုက်သည်။ သူ့ရဲ့ ဗီအိုင်ပီက ဟင်းချိုတို့ စွပ်ပြုတ်တို့ဆို မပူမအေး အလောတော်မှ  ကြိုက်သည်မဟုတ်လား။ 

ဒီနေ့ညစာက ထွေထွေထူးထူးမဟုတ်။ အသင့်စား မုန့်ဟင်းခါးဟင်းရည်ထုပ်ကို ဖောက်ကာချက်ထားသော ဟင်းချိုတစ်ခွက်၊ ကြက်ဥမကျက်တကျက်ပြုတ်နှင့် ပေါင်မုန့်ညိုသာဖြစ်သည်။ မနက်စာကိုသာ ထွေထွေထူးထူး လုပ်စားသည့် သူတို့အတွက် ညစာကတော့ ဖြစ်သလို။ နှစ်ယောက်တည်း ရှိသည့် နေအိမ်မှာ ချက်ပြုတ်ရေးတာဝန်ကလည်း တလှည့်စီ။  မီးဖိုချောင်နှင့် မရင်းနှီးသော သူတွေမို့ သူတို့ ဟင်းလျာတဝက်ဟာ အသင့်စားအစားအသောက်တွေကို ပြန်လည်မွမ်းမံထားတာဖြစ်သည်။ ကျန်းမာရေးကိုတော့ စိတ်မပူပါ .... ဆရာဝန်တစ်ယောက်လုံး ရှိသည်မဟုတ်ပါလား။ 

ဘယ်ဆီကို ရောက်လို့လေ ဘယ်လောက်ပဲ ဝေးရလည်း ဘယ်တော့မှ အထီးကျန်ဆန်ခဲ့ 

ကန္တာရချယ်ရီ(BL)Where stories live. Discover now