(54)......Uni+Zg

344 40 6
                                    

သည်းသည်းမည်းမည်းရွာနေတဲ့ မိုးစက်တွေကို  မှန်သားနံရံတွေကာရံထားသည့် အခန်းတွင်းမှ ကြည့်နေမိသည်။ ဒီမိုးစက်တွေဟာ ကောင်းကင်ယံကနေ ဆင်းသက်လာတယ်။ မြေပြင်ပေါ်ကနေ တတ်နိုင်သလောက် နေရာအနှံ့စီးဆင်းသွားမယ်။ ပြီးရင်တော့ ရေခိုးရေငွေ့တွေ့အဖြစ်ပြောင်းလို့  မိုးရွာသွန်းခြင်းသံသရာ စက်ဝိုင်းကို လည်စေလိမ့်မယ်။  လူတွေရဲ့ ဘဝဟာလည်း သည်လိုပါပဲ။ တိမ်စတွေလို ကောင်းကင်ယံမှာ ရှင်သန်ခြင်းဆိုတဲ့ မာန်တဝင့်ဝင့် တည်ရှိခဲ့ဖူးကြတယ်။ လောကဓံဆိုတဲ့ လေပြင်းနှင်ရာ လည်းလွင့်ဖူးကြတယ်။ ဇရာဆိုတဲ့ အချိန်တခုရောက်လို့ အမှုန်အမွှားတွေအဖြစ် ပျက်သုန်းပြီး ကျဆင်းရတဲ့ ဖြစ်စဥ်ဟာလည်း အတူတူပါပဲ။ ကွာခြားတာဆိုလို့ မိုးရေစက်တွေဟာ ခံစားမှုမရှိဘူး သူတို့လူသားတွေကတော့ ဘဝတလျှောက်လုံး စွဲမိပြီဆိုတဲ့ မှတ်ဉာဏ်ဟာ သေသည်ထိတိုင် တည်နေပါသည်။ အချစ်လို့ပဲ ခေါင်းစဥ်တပ်တပ် အမုန်းလို့ပဲ ခေါင်းစဥ်တပ်တပ် လူတဦးနဲ့ တဦး ပတ်သက်မိပြီဆိုပါက ဘဝတလျှောက်လုံး တွဲနှောင်ရစ်ပတ်သွားတော့တာမျိုးမဟုတ်လား။  ကြေကွဲစရာ  ရေစက်နဲ့ပဲ အဆုံးသတ်သတ်  ပျော်ရွှင်စရာအဖြစ်ပဲ ဇာတ်ပေါင်းပေါင်း ရင်ထဲမှာ တည်ပြီဆိုကတည်းက အဲ့ဒီလူဟာ သက်ဆိုင်သူအတွက် တန်ဖိုးရှိတယ်မဟုတ်လား။ သူ့ဘဝအတွက် သက်ဆိုင်သူကို ဆောင်းည မဆုံးရှုံးချင်ပါ။

ခဏတာလေး  မျက်ကွယ်ပြုမိပါရဲ့ လိုချင်သူတွေ များနေသည့် အဖိုးတန်လေးကို မဆုံးရှုံးချင်ပါ။ တယောက်ထဲလည်း ကောင်းစွာရပ်တည်နိုင်ပါစေလို့ ပျိုးထောင်ခဲ့ပေမယ့် သူမဟုတ်တဲ့ တခြားသူတွေ ဘေးချင်းယှဥ်နေရာယူလာမှာကိုလည်း မလိုချင်ပါ။  တလက်လက်တောက်ပလာတဲ့ သူ့အဖိုးတန်လေးရဲ့ ထည်ဝါမှု့ကို မက်မောလို့ လိမ်ညာလှည့်ဖျားသူတွေနဲ့ တိုးမှာလည်း စိုးမိပါရဲ့။ မဖြစ်တော့ဘူး … သူ  ဒီထက် တွေဝေ စိုးရွံ့နေလို့မဖြစ်တော့ဘူး။ အခုမှမဟုတ်ရင် တကယ် ဝေးတော့မယ်ထင်ပါရဲ့။

သူ့ဘဝတသက်တာမှာ ဒီလောက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို မချခဲ့ဖူးဘူး။ နောက်ပြန်မလှည့်တမ်း ပြေးထွက်ခဲ့တဲ့ ခြေလှမ်းတွေက မိုးကြိုးသံတွေနဲ့ အပြိုင် ပြင်းထန်နေခဲ့၏။ ရင်းနှီးနေကျ ပတ်ဝန်းကျင်မှာ ဒီအချိန် ဒီလူသား ဘယ်မှာ ရှိနေမလဲဆိုတာ သိသည်အထိ သူတို့ရင်းနှီးခဲ့ကြသည်။ မိုးရေတွေ စိုရွဲလျှက်သား အိမ်ပေါ်ပြေးတက်ကာ အခန်းတံခါးကို ဆွဲဖွင့်လိုက်တော့ သူ့ကို အံ့သြစွာ မော့ကြည့်လာသည်။

ကန္တာရချယ်ရီ(BL)Where stories live. Discover now