မိုးစက်တွေတဖွဲဖွဲကျနေတဲ့ မနက်ခင်းဟာ လုံးဝ အိပ်ယာနွေးနွေးထဲ ကွေးနေချင်စရာကောင်းလှသည်။
ငြိမ့်ခနဲ ဖြစ်သွားသည့် မွေ့ယာနှင့် နောက်ကျောကနေ သိုင်းဖက်လာသည့် အနွေးဓါတ်ကြောင့် ဆောင်းည သဘောတကျ ဖြစ်သွားရပြန်သည်။ တစောင်းအိပ်နေတဲ့ ခန္ဓာကိုယ်က တဖက်လှည့်လိုက်တော့ နွေးထွေးတဲ့ ရင်ခွင်ကျယ်ဆီသို့ မျက်နှာအပ်မိသွားသည်။ ရင်းနှီးနေကျ လာဗန်ဒါ ရေမွှေးရနံ့သင်းသင်းလေးက သူ့ မူပိုင်ရှင်ဆီမှ…“ကိုကို”
“အင်း ”
“မထသေးဘူးလား ကျွန်တော် မနက်စာပြင်ထားတယ် ”
အင်း
“ထတော့လေ ပိုးပိုးတို့ကိုလည်း သွားကြိုရဦးမှာ ”
“အင်း ”
အိပ်ချင်မပြေသေးတဲ့ ကြောင်ပေါက်လေးလို သူ ပြောသမျှ အင်း တလုံးသာ လိုက်နေသည့် ချစ်ရသူကို ယူရီရယ် အသည်းယားစွာ တင်းတင်းကျပ်ကျပ် ထွေးဖက်လိုက်သည်။
“အိပ်ချင်နေသေးတာလား ကိုကို ”
“အင်း ”
“အရမ်းပင်ပန်းနေမှာပဲ ကျွန်တော့်ကြောင့် ”
“အင်း ”
“တောင်းပန်ပါတယ် နောက်တခါ မဖြစ်စေရပါဘူး”
“အင်းလို့ ”
“နာနေသေးလား ”
“အင်း နည်းနည်း ”
“ဆေးလိမ်းပေးမယ် ဘယ်နားလဲ ”
ဘယ်နားလဲလို့ မေးကာ သူ့ မက်မွန်သီးနှစ်မွှာကို ဟိုစမ်း ဒီစမ်း လုပ်နေသည့် ကောင်စုတ်လေးကြောင့် ဆောင်းည မျက်လုံးတွေ ကျယ်လာသည်။
“ဒီနားလား ကိုကို ကျွန်တော်ကြည့်ရအောင် အာ့ ”
ဖြန်း
“ဘာလို့ရိုက်တာလဲ ကိုကို ”
“လက်ကို အခုချက်ချင်း ပြန်ထုတ်လိုက်စမ်း မင်း အကြံငါ မသိဘူးများမှတ်နေလား ”
ချက်ချင်းလက်ငင်း အိပ်နေရာမှ ငုတ်တုတ်ထထိုင်ပြီး ရန်တွေ့လာသူ ကိုကိုက တကယ် စိတ်ဆိုးသွားသည့်ပုံပင်။
![](https://img.wattpad.com/cover/282504658-288-k512642.jpg)
YOU ARE READING
ကန္တာရချယ်ရီ(BL)