(17)......Uni+Zg

286 40 3
                                    

“တော်ဝင်သဇင်ဆိုကတည်းကိုက မြင့်မြတ်တဲ့ပန်း ဘုရင်နဲ့တော်ဝင်မျိုးနွယ်တွေအတွက်ရည်ရွယ်တဲ့ပန်းမို့ သာမာန်လူတိုင်း ပန်ဆင်ဖို့ဆိုတာ မဖြစ်နိုင်တာပဲ သာမာန်လူတွေ  လွယ်လွယ် ပန်ရကြေးဆိုရင်  တော်ဝင်သဇင်ရယ်လို့ ဘယ်ခေါ်ထိုက်မလဲ ဒါဟာ သူ့တန်ဖိုးနဲ့သူဖြစ်လာတာမို့ မကျေမနပ်ဖြစ်မနေနဲ့ ”

“ကျွန်တော်ကတော့ အဲ့ဒီတော်ဝင်သဇင်ကိုလေ ရှေးခတ်က ဘုရင်တွေ မိဘုရားတွေက မောင်ပိုင်စီးပြီး ပန်ဆင် အသုံးတော်ခံတာမျိုးကို မကြိုက်ပါဘူး  လှတယ် အဖိုးထိုက်တယ်ဆိုတာ မှန်ပေမယ့် လူသားအချင်းချင်းပဲကို သဘာဝကပေးတဲ့ လက်ဆောင်လို့ သဘောထားပြီး ဒီအတိုင်း ဘာစည်းမျဥ်းစည်းကမ်းမှ မထားဘဲ မျှဝေလိုက်လို့မရဘူးလား ”

“လူချင်းမှမတူတာကို ယူရီရယ်ရဲ့ ဟိုက  ဘုရင်တွေမိဘုရားတွေဆိုတာ  မြင့်မြတ်တဲ့ တော်ဝင်မျိုးနွယ်တွေလေ
ဘယ်လိုလုပ် သူလိုငါလို သာမာန်လူနဲ့ ယှဥ်လို့ရမှာလဲ ”

အထက်ပါစကားများသည် ကျောင်း ပိတ်ရက် အိမ်ကပန်းဥယျာဥ်လေးထဲမှာ  ထိုင်ပြီး သဇင်ပန်းရှင်းတမ်းဖွင့်နေကြသည့် ယူရီရယ်နှင့် ဆောင်းညဦးတို့မောင်နှမနှစ်ယောက်ထံမှ လာခြင်းဖြစ်သည်။ ယူရီရယ်စိုက်ထားသည့် သဇင်ပန်းဥတွေက ရွက်သစ်ထိုးကာ  ဖူးတံတွေထွက်လာပြီမို့ နေရောင်နှင့် ရေဓါတ်ကို ဂရုတစိုက်ပေးနေရသည်။ မကြာခင် နှင်းရည်သောက်ပြီး ငွါးငွါးစွင့်စွင့် ပွင့်လာတော့မည့် တော်ဝင်သဇင်ခက်တွေကို  ကြိုတင်ဦးထားသူတွေအတော်များနေသည်။ သဇင်ဥတွေရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ဖိုးဖိုးက ပွင့်လာလျှင် ဘုရားရှင်အား ပန်းပုလ္လင်ပူဇော်မည်၊ ဆောင်းညတို့မေမေကတော့ မင်္ဂလာပွဲတက်အတွက် ပန်ဆင်ချင်သည်၊ ပိုးနုရွှေခက်ကတော့ သူပေးချင်သည့်  ကျောင်းကဆရာမများနာမည်ကို အစဥ်လိုက်ချရေးနေသည်။

ထိုသဇင်ပန်းများကို စလယ်ဆုံးပြုစုပျိုးထောင်လာသူ ယူရီရယ်ကတော့ သဇင်ပန်းတွေကို လုံးဝအခူးမခံချင်။ သူအပင်ပန်းခံ ဂရုစိုက်ပြုစုခဲ့ရလို့မဟုတ် ထိုလှပပြီးအဖိုးထိုက်တန်သည့် တော်ဝင်ပန်းတွေသည် ပင်ယံထက်မှာပင် ငွါးငွါးစွင့်စွင့် အစွမ်းကုန်လှပစွာ တည်ရှိနေသင့်သည်။

ကန္တာရချယ်ရီ(BL)Where stories live. Discover now