(26)......Uni+Zg

267 38 3
                                    

နွေကျောင်းပိတ်ရက်တွေဟာ မသိမသာရော သိသိသာသာပါ ကုန်လွန်လာခဲ့တယ်။ ယူရီယယ့်အတွက် ဂေဟာမှာ အချိန်ပြည့်နေရခြင်းက အလုပ်တွေများလွန်းလို့ အပြင်မှာ ဘာတွေဖြစ်နေမှန်း ဂရုတောင်မပြုမိ။ တခါတရံ ဂေဟာကိုလာလည်တတ်တဲ့ ပိုးပိုးထံမှ ရသည့်သတင်းတချို့အရ အစ်ကိုက ဆယ်တန်းစာတွေသင်ဖို့ နွေရာသီ အထူးစာကျက်ဝိုင်း ကိုသွားပြီဆိုတာသိရသည်။ အဲ့ဒီကိစ္စတွေဖြစ်ပြီးတဲ့နေ့က စလို့ သူတို့တွေ ထပ်မဆုံဖြစ်တော့။ ကြည့်ရတာ အစ်ကို သူ့ကို  စိတ်ဆိုးနေတုန်းပဲလား။ ဟုတ်လည်းဟုတ်ပါရဲ့ သူရဲ့ ဉာဏ်နည်းမှုကြောင့် အားလုံးရဲ့ ပျော်ရွှင်မှုတွေ အနှောင့်အယှက်ဖြစ်ခဲ့ရသည်မဟုတ်လား။ ဒီနေ့ တနင်္ဂနွေနေ့ဖြစ်သောကြောင့် လာနေကျအတိုင်း ညနေကျရင် ပိုးပိုးဂေဟာကိုရောက်လာမလား။ ဒီလိုဆို ယူရီယယ် အစ်ကို့အကြောင်း တခုခုကြားနိုင်လောက်သည်။

နောက်တနေ့ရဲ့ နေ့လည်စာစားချိန်ရောက်မှ ပိုးပိုး ဂေဟာကိုရောက်လာခဲ့သည်။ ဂေဟာမှူးအပါအဝင် စစ်စတာတွေနှင့်ပါ ရင်းနှီးနေသော ပိုးပိုးက ဂေဟာကကျွေး​သော နေ့လည်စာထမင်းဝိုင်းတွင် သူတို့နှင့်အတူ စားခဲ့သည်။ ရောက်လာကတည်းက ပြောနေသည့်အကြောင်းတွေက သူမရဲ့ ပိတ်ရက်ခရီးတိုအကြောင်းသာဖြစ်သည်။ နောက်ဆုံးတော့ ယူရီယယ်ပွင့်ပွင့်လင်းလင်းပဲ အစ်ကိုဆောင်းညဦးအကြောင်း မေးရတော့သည်။

“ပိုးပိုး အစ်ကိုဆောင်းည သူ အဆင်ပြေတယ်မလား  ”

“သေချာပေါက် အဆင်ပြေတာပေါ့ သူကစာလုပ်နေရရင်ပျော်နေတဲ့လူပဲကိုး”

“အင်း ငါပြောချင်တာက ဟိုလေ ”

“အင်း ဘာလဲပြောလေ ”

“အစ်ကို ငါ့ကို စိတ်ဆိုးနေသေးလား ”

“စိတ်ဆိုးတယ် ဟင့်အင်း သူနင့်ကိုစိတ်မဆိုးပါဘူး ဟိုနေ့က ကိစ္စနဲ့ပတ်သတ်လို့ဆိုရင် သူကစိတ်ဆိုးနေတာမဟုတ်ဘူး နင့်ကို အင်း စိုးရိမ်လွန်သွားတာ ဖြစ်မှာပါ ”

“ငါထင်တာတော့ အစ်ကိုငါ့ကိုစိတ်တိုသွားတယ်ထင်တာပဲ  ”

“စိုးရိမ်လွန်လို့ ဒေါသထွက်သွားတာနေမှာပါ ငါ ကိုကို့အကြောင်းသိတယ် သူရဲ့ အဲ့ဒီနေ့က ပုံစံကို တခါမှမမြင်ဖူးပေမယ့် သေချာတယ် ကိုကိုက နင့်ကို စိုးရိမ်လို့ ဒေါသထွက်သွားရုံပဲ ”

ကန္တာရချယ်ရီ(BL)Where stories live. Discover now