(10)Uni+Zg

362 40 3
                                    

I'd climb every mountain🎵
And swim every ocean🎵
Just to be with you🎵
And fix what I've broken🎶
'Cause I need you to see🎶
That you are the reason🎶

နူးညံ့ပြတ်သားစွာ အဆုံးသတ်လိုက်သော သီချင်းသံအဆုံးတွင် လက်ခုပ်သံများက ထွက်ပေါ်လာသည်။ ဒီနေ့ တနဂ်နွေနေ့မို့ ဝတ်ပြုဆုတောင်းအပြီးမှာ စစ်စတာ  နိုဗယ်လင်း၏ ဂီတသင်တန်းအချိန်သာရှိသည်။ မကြာသေးမီက တတ်မြောက်ထားသည့် ပီယာနိုသင်ခန်းစာစစ်ဆေးသည့်အနေဖြင့် ယူရီရယ်တို့တစ်ယောက်ချင်းတီးပြနေရခြင်းဖြစ်သည်။

“ကောင်းတယ် ယူရီရယ် မကြာခင် ထပ်ဆင့်နုတ်စ်တွေကို သင်နိုင်တော့မှာပဲ ”

“ကျေးဇူးတင်ပါတယ် စစ်စတာ  အားလုံးက စစ်စတာ သင်ပေးတာကြောင့်ပါ ”

စစ်စတာကို နှုတ်ဆက်ပြီး ယူရီရယ်နှင့် အိုင်ဗန် churchထဲမှထွက်လာခဲ့သည်။ တနဂ်နွေနေ့ဆို သူတို့အားလုံး ကိုယ်ပိုင်လွတ်လပ်ခွင့်ရသည်။

“မင်း ဘယ်သွားမလဲ အိုင်ဗန် ”

ဖ“ာသာ ဂျိုးဇက်ဆီသွားပြီး လက်ဝှေ့  လေ့ကျင့်မလို့ မင်းရော ထုံးစံအတိုင်းပဲလား ”

“အင်း အဲ့တာဆို ငါသွားတော့မယ်”

အိုင်ဗန်နှင့် လမ်းခွဲပြီး ယူရီရယ် ဦးတည်လာတာက ဂေဟာအတွင်းက သူသဘောအကျဆုံးနေရာဖြစ်သည့် ဥယျာဉ်ထဲသို့။ သီးပင်စားပင်စိုက်လို့ ပိုသည့် မြေနေရာအနည်းငယ်တွင် ကြုံရာကျပန်းစိုက်ပျိုးထားသည့် ပန်းဥယျာဥ်လေးက အချိန်ရတိုင်း ယူရီရယ်လာနေကျ။ ဒီနေ့ သူ့ရည်ရွယ်ချက်က ဒေလီယာပန်းခင်းထဲက မြက်ပင် ပေါင်းပင်တွေ ရှင်းဖို့ပါ။

လိမ္မော်ရောင်နှင့် ကြက်သွေးရောင် ရောထားသော ဒေလီယာပန်းခင်းတွေက  ဥယျာဉ်မြေ၏ အလှဆုံးနေရာဖြစ်သလို မကြာခဏ ပေါင်းထိုးမြက်ရှင်းဖို့လိုသောနေရာလည်းဖြစ်သည်။ ယူရီရယ် ပေါင်းပင်တွေနှုတ်ဖို့ ရာဘာလက်အိတ်အထူကို ဝတ်လိုက်ပြီး မြေပြင်မှာ ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထို့နောက်တွင်တော့  ထူထပ်စွာ ပေါက်နေသော မြက်ပင်များက သူ့လက်ထဲမှာ အဆုပ်လိုက် အဆုပ်လိုက်ပါလာလေသည်။ 

ကန္တာရချယ်ရီ(BL)Where stories live. Discover now