(39)...Uni+ Zg

266 32 0
                                    

နောက်ဆုံးနှစ် အပိုင်း(က)ကိုရောက်လာပြီး စာတွေလည်းများလာသဖြင့် ဆောင်းည အရင်လို ခဏခဏ အိမ်မပြန်ဖြစ်တော့ပေ။ ယခု ရသခိုက် အားလပ်ရက်လေးကို ပြန်လာရခြင်းကလည်း ကိစ္စတခုကို လုပ်ဆောင်ချင်လို့ဖြစ်သည်။ အတိအကျ ဘာလုပ်သင့်သည်ဆိုတာကို မသိပေမယ့် တတ်နိုင်သမျှ  ဖြစ်လာမည့် ကိစ္စအားလုံးကို မဆိုးရွားအောင် ပြင်ဆင်သင့်တာ ပြင်ရမည်မဟုတ်ပါလား။  သူတို့ခြံထဲမှာရှိတဲ့ တပင်တည်းသော အဖြူရောင် စကားပန်းပင်ဟာ တစ်နှစ်ထက်တနှစ် ပိုမိုကြီးထွားလာခဲ့တာ အခု အပင်အောက်မှာ သစ်သားကွပ်ပျစ်လေးခင်းထားလို့ရနေပြီ။ ညနက်နေပြီဖြစ်လို့ တအိမ်လုံး အိပ်မောကျနေပေမယ့် ဆောင်းည အိပ်မပျော်နိုင်သေးတာကြောင့် စံကားပန်းပင်အောက်က ကွပ်ပျစ်မှာ လာလဲလျောင်းနေခြင်းဖြစ်သည်။ မျက်နှာခြင်းဆိုင်မြင်တွေ့နေရသည့် မိုးကောင်းကင်မှာ တိမ်တွေရှင်းလို့ ကြယ်တွေလင်းနေသည်။ အဆုပ်လိုက် အခိုင်လိုက်ပွင့်နေသည့် စံကားပန်းဖြူဖြူတွေကို ကျော်ပြီး ကောင်းကင်က ကြယ်တွေကို အခုမှ ကြည့်ဖူးခြင်းရယ်ပါ။

လောကကြီးမှာရှိတဲ့ ဘယ်အရာမဆို  မြင်တွေ့ရတဲ့ လူခြင်းတူရင်တောင် ကြည့်ရှု့သူရဲ့ ရှု့ထောင့်နဲ့ ခံစားချက်က ကွာခြားသေးတယ် ပိုလို့သိသာတာက ဘေးနားက လူရဲ့ အမြင်ကလည်း  ကိုယ့်အတွေးအယူဆတွေကို တမျိုးတဖုံပြောင်းလဲစေတယ် အဲ့တော့ ကိုယ်တိုင်လည်း ရှာဖွေကြည့်ပါ သူများဘယ်လိုမြင်လည်းဆိုတာလည်း စူးစမ်းပါ မင်းမမြင်တွေ့နိုင်သေးတဲ့ တချို့အရာတွေက လှပလို့ မင်းကို လက်မလွှတ်စေချင်ဘူး

မျက်စိမှိတ်လိုက်ရင်ပဲဖြစ်ဖြစ် အာရုံလွှဲလိုက်ရင်ပဲဖြစ်ဖြစ် အခုရက်ပိုင်း ဆောင်းညရဲ့ နားထဲ စွဲနေသည့် စကားအချို့ရှိသည်။ နှစ်ရှည်လများပေါင်းသင်းလာခဲ့သည့် မိတ်ဆွေထံမှ ဘယ်တော့မှ ကြားရမည်ဟု စိတ်မကူးခဲ့ဖူးသော စကားအချို့ကို ကြားခဲ့ရသည်။ ဆောင်းညရဲ့ စိတ်အစဥ်ဟာ ထိုစကားစုများ မြစ်ဖျားခံရာ  လွန်ခဲ့သော အချိန်များဆီသို့ ပြန်ရောက်သွားသည်။

ယူရီရယ်ဆေးရုံကဆင်းတော့ ဆောင်းည အဆောင်ကို ပြန်ရောက်လာသည်။ စာမေးပွဲရက်နီးနေတာမို့ စာပြီးစာပဲ လုပ်ရန် အခန်းထဲက အခန်းပြင်တောင် သိပ်မထွက်ဖြစ်။ ပြင်းရှရှရေမွှေးနံ့ကြောင့် အခန်းဝကို လှည့်ကြည့်လိုက်တော့ ကိုဇွဲတယောက် အပြင်က ပြန်ရောက်လာခြင်းပင်။ ကိုဇွဲကတော့ ဘယ်အချိန်ဖြစ်ဖြစ် သက်တောင့်သက်သာရှိသဖြင့် သူမနာလိုမိသည်။

ကန္တာရချယ်ရီ(BL)Where stories live. Discover now