(9)Uni+Zg

354 36 3
                                    

ထုံးစံအတိုင်းကျောင်းဖွင့်ရက်မနက်ခင်းက ကျောင်းဝန်းအတွင်း ဆူညံလှုပ်ရှားနေကြသည်။ ဒီနေ့က သောကြာနေ့ဆိုတော့ အလယ်တန်းကျောင်းသားကျောင်းသူတွေ တန်းစီရမည့်နေ့ဖြစ်သည်။ တနလာ်နေ့ကတော့ အထက်တန်းကျောင်းသူကျောင်းသားတွေ သီးသန့်ဖြစ်သည်။  ကျောင်းတက်ခေါင်းလောင်းထိုးဖို့ မိနစ်အနည်းငယ် လိုသေးသော်လည်း စုဝေးကွင်းထဲမှာ ကျောင်းသားကျောင်းသူတွေစုံနေပြီ။ သတ္တမတန်းက တန်းခွဲ (၉)ခုရှိတာကြောင့် ယူရီယယ်တို့ တန်းခွဲ(A)မှာ စုဝေးကွင်းတွင် အလယ်ဗဟိုနေရာလောက်မှာဖြစ်နေသည်။  အရပ်ရှည်သည့် အိုင်ဗန်နှင့် ယူရီယယ်က နောက်ဆုံးနားလေးမှာ နေရာယူထားတာမို့ ရှေ့မှာ ရှိနေသည့် ကျောင်းသားတွေအားလုံးကို မြင်နိုင်သည်။

“မနေ့က ပိုးပိုး တကယ်နေမကောင်းဖြစ်လို့လား ”

“မဟုတ်ဘူးထင်တယ် ငါတောင်ဘာမှ စကားမပြောလိုက်ရဘူး စာအုပ်ယူပြီးပြန်သွားတာပဲ ”

“အင်း နေမကောင်းတာ မဟုတ်လောက်ပါဘူး   ပြောရင်း လာပြီ ဟိုမှာ ”

အိုင်ဗန်ညွှန်ပြသော နေရာကိုကြည့်မိတော့ ပိုးနုရွှေခက်တစ်ယောက် စုဝေးကွင်းက သူတို့ အတန်းရှိရာသို့ လမ်းလျှောက်လာတာကို မြင်လိုက်ရသည်။ လက်ထဲမှာလည်း တခုခုကိုင်ထားသော ပိုးနုက သူတို့နှစ်ယောက်ကို  ဂရုမစိုက်ဘဲ  အတန်းရှေ့သို့ ကျော်သွားသည်။ မရှေးမနှောင်းမှာပဲ  ဝသုန်းသုန်းကား အခြေအနေတစ်ခု ဖြစ်ပေါ်လာသည်။

“ဟာ ပိုးနုရွှေခက် နင် ဘာလုပ်လိုက်တာလဲ ”

“ဟာ ပေကုန်ပြီ  ငါ့အက်ျီတွေ ”

“ဖွီး နံတယ်ဟ ဘာတွေတုန်း ပိုးနုရွှေခက် နင်ဘာလုပ်လိုက်တာတုန်း ”

မနေ့က ယူရီယယ်တို့ကို အနိုင်ကျင့်ခဲ့သည့် ကျောင်းသားသုံးယောက်၏ ကိုယ်ပေါ်သို့  လက်ထဲကိုင်လာသည့် ဗူးထဲမှ မည်းညစ်ညစ်အရည်များဖြင့် လောင်းလိုက်သော ပိုးနုရွှေခက် ။ သူတို့ဝတ်ထားသော အက်ျီဖြူများက  စွန်းထင်းသွားရုံမက အနံ့ဆိုးတချို့ပါ
ရလိုက်သဖြင့် ဟိုကျောင်းသားသုံးယောက်မှာ ရှုးရှုးရှားရှားဖြင့် ဒေါသထွက်သွားရလေသည်။ လူစုံနေသော စုဝေးကွင်းအလယ်မှ ထိုအဖြစ်အပျက်သည် အားလုံး၏ အာရုံကို ဖမ်းစားလိုက်နိုင်လေသည်။

ကန္တာရချယ်ရီ(BL)Donde viven las historias. Descúbrelo ahora