(36)Uni+Zg

314 35 8
                                    

ဆေးကျောင်းတတိယနှစ်…

စာသင်ချိန်ပြီးတော့ ညနေလေးနာရီခွဲနေပြီမို့ ဆောင်းည ပင်ပန်းနေပြီ။ အဆောင်ကိုပြန်ပြီး အနားယူချင်လှပြီ။ ဒီနေ့မှ ကိုဇွဲကလည်း အတန်းမတက်တာမို့ အဆောင်ကို တယောက်ထဲပြန်ရမည်။ ကျောင်းထဲကအထွက် ဆေးရုံကြီးရှေ့ကိုအရောက် ဆောင်းည အမှတ်တမဲ့ ဆေးရုံရှေ့ကားပါကင်မှာ ရပ်ထားသည့် ကားတန်းကြီးဆီ အကြည့်ရောက်သွားသည်။ မမှားနိုင်ပါ .သူတို့အိမ်က ကား။ စိုးရိမ်တကြီးနဲ့ ဖုန်းထုတ်လိုက်တော့ စကရင်ပေါ်မှာပေါ်လာသည်က ရဲပတောင်းခတ်နေသည့် ဖုန်းကောလ်များ။ စာသင်နေချိန်ဆို ဖုန်းကို အမြဲပိတ်ထားတတ်တာမို့ အိမ်ကဖုန်းတွေခေါ်ထားတာကို မသိလိုက်။ ဒါဆိုသေချာပါပြီ အိမ်က လူတယောက်ယောက်  ပြဿနာဖြစ်ပြီပဲ။ ကားရပ်ပြီး ဆေးရုံကြီးထဲဝင်သွားရင်း လက်ကလည်း ဖုန်းအခေါ်မပျက်။ ခဏကြာတော့ ဖုန်းကိုင်လာသူက ပိုးပိုး။ ငိုသံတွေပါနေတာမို့ ဆောင်းည သူပြောတာကို လုံးဝနားမလည်။

“ညီမလေး မငိုဘဲနဲ့ ပြောစမ်း ဘယ်သူဘာဖြစ်လို့လဲ ”

“အဟင့် ကိုကိုရေ ယူရီရယ်လေ ယူရီရယ် ”

“ကောင်လေး ဘာဖြစ်တာလဲ အခုဘယ်မှာလဲ ”

“ဆရာဝန်တွေခေါ်သွားကြပြီ အဟင့် ကိုကို မြန်မြန်လာခဲ့ပါ ”

မြန်မြန်လာခဲ့ပါဆိုကတည်းက ဆောင်းညက ပြင်ပလူနာဌာနမှာ စုံစမ်းနေပြီ။  လူနာနာမည်ပြောလိုက်တော့ ကားတိုက်မှုနဲ့ ရောက်လာတာတဲ့။ ကားမောင်းကျွမ်းကျင်တဲ့သူက ကားတိုက်မှု့ဖြစ်တယ်ဆိုကတည်းက ဆောင်းညရဲ့ စိုးရိမ်စိတ်မှာ ထိန်းမရ။ ဘယ်လောက်ထိတောင် မိုက်ရူးရဲဆန်ပြန်တာလဲ။ အရေးပေါ်ခွဲစိတ်ခန်းရှေ့မှာ ဖေဖေနဲ့ ဖိုးဖိုးအပြင် အိုင်ဗန်ပါရှိနေသည်။ ပိုးပိုးကတော့ ခုံတန်းလေးပေါ်မှာ ထိုင်ငိုနေလျှက်။

“ဘယ်လိုဖြစ်တာလဲ ”

“သားကြီးရောက်လာပြီလား ယူရီရယ်လေ ကားတိုက်ခံရတာ အရေးပေါ်ခွဲစိတ်မှုလည်းလုပ်ရမယ်တဲ့ ”

ဖေဖေရဲ့ ပြောပုံအရ အရမ်းကြီးဆိုးရွားတဲ့ အခြေအနေမို့ ဆောင်းည ခြေထောက်တွေတောင် မခိုင်ချင်တော့။ တဖက်ကားက အသားလွတ်ဝင်တိုက်တာမို့ ရှောင်တိမ်းချိန်မရလိုက်ဘဲ ခံလိုက်ရတာဖြစ်သည်။ ဖြစ်ဖြစ်ချင်း နယ်ဆေးရုံက မန်ိုင်လို့ မန္တလေးဆေးရုံကြီးကို လွှဲလိုက်တာဖြစ်သည်။ နံရိုးသုံးချောင်းကျိုးပြီး ခြေသလုံးတဖက်က အက်သွားသည်။ ခေါင်းက ဒါဏ်ရာကလည်း မနည်းမနောမို့ အတော်ချုပ်လိုက်ရသေးသည်တဲ့။ ဖေဖေနှင့် အဖိုးပြောနေတုန်း ခွဲခန်းထဲက ဆရာဝန်တယောက်ထွက်လာလို့ ကြည့်လိုက်တော့ ဆောင်းညနှင့် ရင်းနှီးသည့်  ပါရဂူတန်းက စီနီယာမမ ဖြစ်နေသည်။

ကန္တာရချယ်ရီ(BL)Where stories live. Discover now