ဒီဇင်ဘာ အားကစားပွဲတော်များကျင်းပရာ လရာသီ…
ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲကျင်းပရန် သုံးရက်ခန့်အလိုဖြစ်သည်။ ညနေကျောင်းဆင်းပြီးချိန်ထိ ဘောလုံးကွင်းထဲမှာ မပြန်သေးဘဲ လေ့ကျင့်နေကြသည့် ကျောင်းလက်ရွေးစငါ ကစားသမားများရှိနေသည်။ အသက်၁၃နှစ်အောက် လက်ရွေးစင်ကစားသမားအဖွဲ့တွင် ယူရီရယ်ပါဝင်သည်။ အရေးပါသော ဘယ်တောင်ပံကစားသမားအဖြစ် ရွေးချယ်ချင်းခံထားရသသောကြောင့် ယူရီရယ် အနည်းငယ် စိတ်လေးလံနေသည်။ သူအကောင်းဆုံးမှ လုပ်နိုင်ပါ့မလား။
“ခဏနားပြီးမှ ထပ်လေ့ကျင့်ရအောင် ”
အသင်းခေါင်းဆောင် ရစ်ချတ်ရဲ့ ခွင့်ပြုချက်ကြောင့် ကစားသမားများ အနားယူရန် လူခွဲလိုက်သည်။ယူရီရယ်ကတော့ ဘောလုံးကွင်းဘေး ပွဲကြည့်စင်မှာရှိနေသော ဆောင်းညဦးထံ အပြေးလာလိုက်သည်။ အစ်ကိုက ကျောင်းဆင်းတာတောင်မပြန်သေးဘဲ သူလေ့ကျင့်ပြီးသည်အထိစောင့်ကာ ဂေဟာကို ပြန်ပို့လေ့ရှိသည်။ သူလာတာကိုမြင်တော့ ဖတ်လက်စ စာအုပ်ကို ပိတ်ကာ အနီးရှိ အသင့်ချထားသော ရေဗူးကို ကမ်းပေးသည်။
“အစ်ကိုပြန်ချင်ပြန်တော့လေ အိမ်ကနောက်ကျလို့ဆူဦးမယ် ”
“အိမ်ကိုပြောခဲ့ပြီးသား”
အစ်ကို့ဘေးနားကပ်ထိုင်ပြီး ရေဗူးကို တငုံချင်းသောက်ရင်း ဘေးတိုက်အနေအထားနှင့်ပင် အစ်ကို့ကို အကဲခတ်မိသည်။ အစ်ကိုက သူ့ကိုစောင့်နေသည့်တလျှောက်လုံး ကျောင်းစာပဲ လုပ်နေခဲ့ဟန်တူသည်။ ညနေပိုင်း အပိုချိန်လေ့ကျင့်ရတာ နှစ်ပတ်ခန့်ရှိပြီဖြစ်သောကြောင့် လွန်ခဲ့သည့် ရက်တွေမှာလည်း ထိုအတိုင်းပင်။ အမြဲလိုလို ကျူရှင်၊ သင်တန်း၊ စာကြည့်တိုက်မှာရှိနေသည့် အစ်ကိုက အိမ်ကို ဘယ်လိုများ ပြောခဲ့လို့ သူ့ကို အကြိုအပို့ လုပ်ပေးခွင့်ရနေတာပါလိမ့်။
“မြန်မြန်ကစားပွဲပြီးရင်ကောင်းမှာပဲ”
“ပင်ပန်းနေလို့လား”
“မဟုတ်ပါဘူး အစ်ကို့ကို အားနာလို့ပါ ”
“ဘာမှအားနာစရာမလိုပါဘူး အစ်ကိုက မင်းကိုစောင့်ရင်း အလကားနေတာမှ မဟုတ်တာ စာဖတ်နေလို့ရတာပဲ”
![](https://img.wattpad.com/cover/282504658-288-k512642.jpg)
YOU ARE READING
ကန္တာရချယ်ရီ(BL)