(8)Uni+Zg

342 39 3
                                    

“အစ်ကို ဒီနေ့ကျောင်းနောက်ကျတယ်နော် ”

ထုံးစံအတိုင်း ကျောင်းမတက်ခင် ယူရီရယ် ကိုးတန်းကျောင်းဆောင်နားက  ရေသန့်စက်မှာ အခန်းတာဝန်ကျလို့ ရေသွားထည့်ပေးနေချိန်ဖြစ်သည်။ ခါတိုင်း ထိုအချိန်ဆို အကိုဆောင်းညဦးရဲ့ စက်ဘီးက ကတ်ဆီယာပင်ကြီးအောက်မှာ ရပ်ထားနေကျဖြစ်သည်။ ဒီနေ့တော့ သူပြန်ခါနီးမှ အဆောတလျင်ရောက်လာသော အကိုပုံစံက စက်ဘီးကို ကပျာကယာနင်းခဲ့ရလို့ မောနေဟန်ပင်။ ရေသန့်စက်မှ ရေအေးတခွက်ငှဲ့ပေးလိုက်သည်။

“ကျေးဇူးပါပဲ ကိုယ်ဒီနေ့ အိမ်မှာ ကိစ္စရှိလို့နောက်ကျသွားတာ”

“အော် အဲ့ အကို ဖိနပ် ဖိနပ် ဟို ကြိုးမချည်ထားဘူး”

“အာ ဟုတ်သားပဲ ကတိုက်ကရိုက်ထွက်လာလို့ ”

ရေခွက်ကို သူ့ထံပြန်ပေးပြီး ဖိနပ်ကြိုး ငုံ့ချည်နေသော အကိုက ပုံစံတမျိုးနှင့်ကြည့်ကောင်းသည်။ ဒီလို မသေမသပ်ပုံစံနှင့်တောင် ကြည့်ကောင်းနေတာ အကိုက စံပြကျောင်းသားပီသပါပေသည်။

“ကျေးဇူး ကောင်လေး ဒါနဲ့ မနက်တိုင်း ရေလာဖြည့်ရတာလား ”

“ဟုတ်တယ် ကျွန်တော်တို့ဂေဟာက ကျောင်းလာရတဲ့အချိန်က သူများတွေထက်နောက်ကျတာဆိုတော့ ဒီတာဝန်တခုပဲ ပေးထားတာ မဟုတ်ရင် ဘာမှ မလုပ်ရမှာစိုးလို့လေ ”

“အော် ဒါနဲ့ လပတ်စာမေးပွဲ အဆင့်ထွက်ပြီလား”

“ဟုတ် ထွက်ပြီ အကို ကျွန်တော် အဆင့်နှစ်ရတယ် ကျွန်တော် တော်တယ်မလားဟင် ”

“အင်း တော်ပါတယ် ဂေဟာမှာနေပြီး စာလေ့လာရတဲ့ သူအဖို့ ဒီအဆင့်က အရမ်း ကြိုးစားတဲ့ပုံပေါက်တယ် ”

“တကယ်လည်း ကျွန်တော် ကြိုးစားခဲ့ပါတယ်ဗျာ”

“ဟုတ်ပါတယ် ကိုယ်ပြောချင်တာလဲ အဲ့လိုပါပဲ မင်းတို့ဂေဟာက စာလုပ်ရတာအပြင် တခြားအလုပ်တွေလည်း ခိုင်းတော့ စာကြည့်ချိန် နည်းတယ်မလား အဲ့တာကြောင့် ဘယ်သူမှ အဆင့်ကောင်းကောင်းရအောင် စာမလုပ်နိုင်ဘူး မင်းကတော့ တော်လွန်းတာမို့လို့ ပြောချင်တာပါ ”

ကန္တာရချယ်ရီ(BL)Where stories live. Discover now