(47)......Uni+Zg

245 40 1
                                    

ခွဲစိတ်မှု့ပြီးပြီးချင်း နားနေခန်းထဲရောက်တော့ ဆောင်းည ဖုန်းထုတ်ကြည့်လိုက်သည်။ အရင်ကဆို ချစ်ရသူလေးဟာ စာတိုတွေ မနည်းပို့ထားတတ်သည်။ အခုတော့ ဖုန်းပြန်ခေါ်ပါဆိုတဲ့ စာတိုလေးက လွဲလို့ ဘာမှမရှိ။
ဆောင်းည ဖုန်းခေါ်တော့လည်း နှစ်ခါ သုံးခါထိမကိုင် နောက်တကြိမ်ထပ်ခေါ်မှ…

“ဟလို အစ်ကို ”

“ကောင်လေး  ဘာတွေဖြစ်နေလို့လဲ ”

“အစ်ကို အခုဘာလုပ်နေလဲဟင် ”

“အခုအလုပ်ဆင်းလို့ အိမ်ပြန်တော့မှာလေ နေမကောင်းဘူးလား အသံက တမျိုးပဲ ”

“အစ်ကို ဖိုးဖိုးဆုံးပြီ ”

“ဟင် ဘာဖြစ်တယ် ”

ဖုန်းထဲက ကြားလိုက်ရတဲ့ ကောင်လေးအသံဟာ ပြတ်သားလွန်းပါရဲ့ သို့သော် မကြားသင့်တဲ့ စကားမို့ ဆောင်းည မကြားမိသလို ပြန်မေးမိ၏။  တဖက်က အသံတိုးတိုးလေးဟာ တရစပ်ထွက်လာပြန်သည်။

“အစ်ကို စိတ်ထိန်းပါ အစ်ကို ဘာဖြစ်သွားလဲဟင် ကျစ် ဒါကြောင့် ကျွန်တော် မပြောချင်တာ  အစ်ကို အဆင်ပြေရဲ့လား ”

“အင်း ပြေပါတယ် ဖိုးဖိုး ဖိုးဖိုးက ဘယ်လိုဖြစ်ရတာလဲ ”

“မနေ့ညက လေဖြတ်သွားလို့ဆေးရုံတင်ရတယ် ဆေးရုံရောက်ပြီး တနာရီလောက်ပဲ ခံလိုက်တယ် ဦးနှောက်သွေးကြောပြတ်သွားတာတဲ့ ”

အဝလွန်ပြီး ဆီးချို သွေးတိုးရှိတဲ့ ဖိုးဖိုးကို သူပြန်လာတိုင်း ဆေးစစ်ပေးလေ့ရှိသည်။ သောက်ဆေး ထိုးဆေးအကူအညီနဲ့ ကျန်းမာရေးကို ဆွဲဆန့်ထားပေမယ့် ဖိုးဖိုးက တခါတလေ အစားအသောက် မဆင်ခြင်သလို အမြဲတမ်း အဲကွန်းနဲ့ ပန်ကာနဲ့ အအေးခံလေ့ရှိသည်။

“ကိုယ် ပြန်လာခဲ့မယ် ”

“အစ်ကို​ ခဏနေဦး ကျွန်တော်စီစဥ်ထားတာရှိတယ် အဲ့ဒီက အသိဒရိုင်ဘာတယောက်ကို အကူအညီတောင်းထားတယ် အစ်ကို ကားမမောင်းနဲ့ အခုသူ ဆေးရုံကားပါကင်မှာ စောင့်နေပြီ ”

“အင်း ကျေးဇူး ”

“ဒီမှာ အားလုံး စီစဥ်ထားတာမို့ အစ်ကို အလောတကြီးမဟုတ်ဘဲ အဆင်ပြေအောင်လာခဲ့ပါနော် အစ်ကိုဘာမှမဖြစ်စေနဲ့ ”

ကန္တာရချယ်ရီ(BL)Where stories live. Discover now