(51)...Uni+Zg

265 34 1
                                    

ဘယ်သူနဲ့မှ မျက်နှာချင်းမဆိုင်ဘဲ နေခဲ့တာ  ရက်ပေါင်းအတော်ကြာပြီ။ မြင်ရသမျှဟာ စိတ်ချမ်းသာစရာ မရှိတော့ အသက်ရှူနေရတာတောင် ပင်ပန်းတယ်။ ဒါပေမဲ့ တကိုယ်တည်း ဒီလိုခံစားနေရတာ မဟုတ်လေတော့လည်း ရှုပ်ထွေးခြင်းတွေကို ထူးပြီး အဖက်လုပ်မနေတော့ဘူး။ မိုးလင်းရင် ဆေးရုံကိုသွားတယ်။တနေကုန် လူနာတွေနဲ့ အချိန်ဖြုန်းပြီး မိသားစုဝင်တွေနဲ့ မတွေ့အောင်ရှောင်နေမိတယ်။ သူ့ကိုစကားပြောချင်နေတဲ့ ယူရီရယ်နဲ့ ပိုးပိုးကိုလည်း လျစ်လျူရှုထားလိုက်တယ်။ မေမေ့ကိုလည်း နှစ်သိမ့်မပေးနိုင်တဲ့ သူဟာ ကိုယ့်အတ္တနဲ့ ကိုယ်မို့ လိပ်ပြာလည်း မလုံ။  ဒီတခါတော့ ဘယ်အရာကိုမှ သူ အလျှော့မပေးနိုင်ဘူး။ ရခဲ့သမျှ အရာရာဟာ သူလိုချင်လို့မှ မဟုတ်ခဲ့ဘဲ။ ဒီတခါတော့ လောဘကြီးပါရစေ။ 

နောက်ဆုံးလူနာကို ကုသပေးအပြီး ဆေးရုံအပေါ်ဆုံးထပ်ရှိ သူ့နားနေခန်းကို ရောက်အောင် မနည်းအားတင်းပြန်လာခဲ့ရသည်။ ဓါတ်လှေကားထဲက ထွက်ထွက်းချင်း သတိမထားမိတာကြောင့် ခြေထောက်ခွေသွားသည်။ လက်ထဲမှာလည်း  ဆေးအိတ်နဲ့ ဂျူတီကုတ်ရှိနေတာမို့ အနီးအနားရှိ တစုံတခုကိုမှ ဖမ်းမဆွဲနိုင်။ ကြမ်းပြင်ပေါ် အရှိန်နဲ့ ချော်ကျပြီး လဲပြိုသွားခဲ့ပေမယ့် သူ ပြန်မထခဲ့။ ဒီအထပ်မှာ လူသိပ်မရှိဘူးဆိုတဲ့ အသိရယ် ပင်ပန်းနေတဲ့ စိတ်ရယ်ကြောင့် ကြမ်းပြင်ပေါ်မှာ ပုံရက်သားထိုင်နေမိသည်။

အရှေ့တည့်တည့်ကနေ လျှောက်လာသည့် ရှူးဖိနပ်အနက်ရောင်ကို မြင်တော့   ပျော်သလို ခံစားလိုက်ရပေမယ့် သူပင်ပန်းလွန်းလို့ မော့တောင် မကြည့်နိုင်။ သုံးရက်နီးပါးမအိပ်ခဲ့ရသည့် မျက်လုံးတွေက အခုမှ ဖွင့်မရအောင် လေးလံလာသည်။ နီးကပ်လာတဲ့ ခြေလှမ်းပိုင်ရှင်ရဲ့ ကိုယ်သင်းရနံ့ဟာ သူ့ကို ပိုလို့ မိန်းမောစေသည်။ အရာရာအားလုံးကို စိတ်လျှော့လိုက်တော့  ခပ်ယဲ့ယဲ့ သူ့ကိုယ်လေးဟာ  ပြိုဆင်းသွားသည်။ သို့သော် ကြမ်းပြင် မာမာပေါ်သို့မဟုတ် သူ့အတွက် ထာဝစဥ် နွေးထွေးပြီး လုံလုံခြုံခြုံမှေးစက်နိုင်သည့် ရင်ခွင်နွေးနွေးဆီသို့ရောက်သွားသည်။

ကန္တာရချယ်ရီ(BL)Where stories live. Discover now