(46)...Uni+Zg

264 34 2
                                    

"မမ ဘာတွေငေးနေတာလဲ မီးမီးခေါ်နေတာကြာလှပြီ "

ဘေးနားက ကလေးပေါက်စက သူ့မျက်နှာကို လက်သေးသေးလေးနှင့် အုပ်ကိုင်လာတော့မှ ပိုးနုရွှေခက်  အသိဝင်လာသည်။

"အက်သီနာလေး ဘာလိုချင်လို့လဲ"

"မီးမီး ဗိုက်ဆာပြီလို့ အိမ်ပြန်တော့မယ်"

"အယ် ဗိုက်ဆာရင် မမတို့အိမ်က ထမင်းစားသွားလေ ဒီနေ့  အက်သီနာလေးကြိုက်တဲ့ ငါးဆုပ်ဟင်းချက်ထားတယ် "

"နေပါစေ ငါးဆုပ်လည်း စားချင်ပေမယ့် ဒီနေ့ ပါးပါးက အုန်းနို့ခေါက်ဆွဲချက်ထားတယ်တဲ့ အဲ့တာကြောင့် အိမ်ကိုပဲ လိုက်ပို့ပေးနော်"

"ဟုတ်ပါပြီကွယ်"

သိမ်မွေ့ပြီး သိတတ်လိမ္မာတဲ့ အိမ်နီးချင်းကလေးမလေးဟာ ပိုးပိုးတို့ရဲ့ အချစ်တော်ဖြစ်လာခဲ့တယ်။ ရက်ပိုင်းအတွင်း ကိုကိုနဲ့ ယူရီရယ်ရဲ့ အကြောင်းကို သိလိုက်ရတော့ အက်သီနာလေးကိုမြင်တိုင်း ပိုးပိုး ဘာမဆိုင်ညာမဆိုင် ကိုကိုတို့ အနာဂတ်အတွက် တွေးပူမိသေးသည်။ ပျော်ရွှင်နေတဲ့ အချစ်ငှက်လေးနှစ်ကောင်ကတော့ ဘယ်လိုနေမယ်မသိ ပိုးပိုးကတော့ ဒီအကြောင်းတွေ မေမေတို့သိသွားရင် ဘယ်လိုနေကြမလဲဆိုတာ စိုးရိမ်မိသည်။ သေချာပေါက် ကိုကိုတို့ အချစ်ရေးက ဖြောင့်ဖြူးမှာမဟုတ်။ ဘေးအိမ်က အက်သီနာရဲ့ ပါးပါးတို့စုံတွဲကိုတောင် ပတ်ဝန်းကျင်က ကွယ်ရာတမျိုး ရှေ့တမျိုး အပြစ်တင်ကဲ့ရဲ့ကြသေးတာ။ ဒီအထဲမှာ မေမေတို့မပါပေမယ့်​ ထောက်ခံအားပေးခြင်းလည်းမရှိ။ သူမ တီးခေါက်ကြည့်ရသလောက် အိမ်ကလူကြီးတွေဆိုတာ သူများသားသမီးခြောက်ချင်ခြောက် စိုချင်စို ငါတို့သားသမီး မပါပြီးရော ဆိုသည့် လူစားမျိုးတွေပင်။

"ဟူး စိတ်ပင်ပန်းလိုက်တာ အိုင်ဗန်သာရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ ခွေးကောင် ပြောရင်းတောင် လွမ်းလာပြီ ဘယ်သွားသေနေလဲ မသိဘူး"

အိုးကမပူ စလောင်းကပူနေသည့် သူ့အဖြစ်သူလည်း ရယ်ချင်ပါရဲ့။ သူနဲ့ အိုင်ဗန်တောင် ဝေးနေခဲ့တာ နှစ်တွေကြာပြီ။ နောက်လလောက်ဆို ယူရီရယ်နဲ့ သူ ဘွဲ့ယူရတော့မယ်။ မိသားစု ကိစ္စလေးဖြေရှင်းစရာရှိလို့ပါဆိုပြီး ထွက်သွားတဲ့ အိုင်ဗန်ဟာ အခုတော့ သူတို့ကိုရော ဂေဟာကိုပါ အဆက်အသွယ်မလုပ်တော့။ 

ကန္တာရချယ်ရီ(BL)Where stories live. Discover now