(48)...Uni+Zg

254 32 3
                                    

နောက်ဆုံးလူနာထွက်သွားပြီး ဆောင်းည ဆေးပစ္စည်းတွေသိမ်းနေစဥ် အဝင်ဝက လိုက်ကာစလေး လှုပ်ခတ်သွားတာကို သတိထားမိသော်လည်း သူလှည့်မကြည့်ဘဲ မသိချင်ယောင်ဆောင်လိုက်သည်။ ဂျူတီကုတ်ကိုချွတ်ကာ အခန်းနံရံက ချိတ်ကို လက်လှမ်းလိုက်ချိန်မှာပဲ နောက်ကျောဖက်ဆီက ရင်ခွင်ထဲသို့ ဆွဲသွင်းခြင်းခံလိုက်ရသည်။ တင်းတင်းကြပ်ကြပ်ဖက်ထားသည့် လက်မောင်းနှစ်ဖက်က အားက သူ့ကို မနာကျင်စေသော်လည်း မလွတ်တမ်းဆုပ်ကိုင်ထားမှု့ကို ခံစားရစေသည်။

“လွမ်းနေတာ ကိုကိုရာ ”

“အော် နေ့ခင်းကတောင် ဖုန်းပြောသေးတယ်လေ ”

“မသိဘူး ကိုကို ကျွန်တော်ကတော့
ကိုကို့ မျက်နှာလေးမြင်နေရင်တောင် လွမ်းနေရတာ ”

“အဲ့လောက်တောင်ပဲလား ”

“အဲ့ဒီထက်ပိုပါတယ် ”

နားရွက်ဖျားလေးတွေကို နမ်းရှိုက်လာသူကြောင့် ဆောင်းည လန့်ကာ အနည်းငယ် ရုန်းလိုက်မိသည်။ ဒါကိုကောင်စုတ်လေးက လွှတ်မပေးဘဲ ပိုတိုးလို့ဖက်ကာ ပြောရှာပြန်သည်။

“မစိုးရိမ်နဲ့ သူနာပြုမမကို အလုပ်ဆင်းခိုင်းလိုက်ပြီ  အခု ဘယ်သူမှမရှိတော့ဘူး ”

“တော်တော် အတင့်ရဲနေပါလား ကိုယ့်ဝန်ထမ်းတွေကိုတောင် စီမံခန့်ခွဲနေတာ ”

“ဘာဖြစ်လဲ ကိုယ့်ခင်ပွန်းရဲ့ အလုပ်ပဲဟာ နောက်ဆိုကိုကို ဆေးရုံဖွင့်ရင် ကျွန်တော်က အိတ်ကြီးကြီးလွယ်ပြီး ပိုက်ဆံ သိမ်းဖို့လိုက်လာမှာ ”

“ပိုက်ဆံပဲသိမ်းမှာလား  ”

“အယ် ဒီတခါ အတင့်ရဲတာ ကိုကိုဖြစ်သွားပြီ  သတ္တိတွေ ရှိနေတယ်ပေါ့ ”

ဆောင်းည သဘောတကျရယ်တော့ ယူရီရယ်က သူ့ဖက်သို့ ဆွဲလှည့်လိုက်ပြီး မျက်နှာချင်းဆိုင်စေလိုက်သည်။ ပြီးတော့ မျက်လုံးချင်းဆုံအောင် တစိမ့်စိမ့် ကြည့်နေပြန်တာကြောင့် ဆောင်းည နှာဖျားနားရွက်ဖျားတွေပါ ရဲလာရတော့၏။

“တော်ရုံပဲ ကြည့်စမ်းပါ ”

“ကိုကိုက သိပ်ကြည့်လို့ကောင်းတယ် ပုံမှန်အချိန်ရော ဒီလိုအရှက်သည်းနေတဲ့ အချိန်ရော ဘယ်ချိန်ဖြစ်ဖြစ်ကျွန်တော်တော့ ကြည့်မဝဘူးရယ် ”

ကန္တာရချယ်ရီ(BL)Where stories live. Discover now