(6)......Uni+Zg

440 47 2
                                    

ကျောင်းတတ်တာ သုံးလကျော်လွန်ခဲ့ပြီ။ အခုဆို အရာရာတိုင်းဟာ ယူရီယယ့်အတွက် စိမ်းသက်ကြောက်ရွံစရာ
မရှိတော့။ သေချာကြိုးစားတာမို့ စာလည်းလိုက်နိုင်သည်။ အတန်းဖော်အများစုကတော့ ဂေဟာကမို့ သိပ်အဖက်မလုပ်ပေမယ့် ဒီကိစ္စနဲ့ပတ်သတ်လို့ ယူရီယယ့်စိတ်ထဲ ဘယ်လိုမှမနေခဲ့။ ကျောင်းဖွင့်သည့် မနက်တိုင်း ကျောင်းလမ်းတစ်လျှောက်ဟာဆိုရင် ယူရီယယ့်အတွက် ခွန်အားတွေပေးနေသယောင်။

တခါတရံ ကျောင်းပေါက်ဝမှာပင် ဆုံကြသည်။ တခါတလေတော့ ပန်းရောင်ကတ်ဆီယာပင်ကြီးအောက်မှာ စက်ဘီးလေးတစ်စီးနှင့် အမြဲယှဥ်တွဲတွေ့ရတတ်သည်။ ဟုတ်ပါတယ် အဲ့ဒီလှပတဲ့ ပန်းရောင်အပွင့်တွေရှိတဲ့ အပင်က ကတ်ဆီယာပါတဲ့။ ယူရီယယ့်ရဲ့ နေ့ရက်တွေကို ခွန်အားတမျိုးနဲ့ ဖြတ်သန်းစေခဲ့တဲ့ သူက ပြောပြခဲ့သည်။ ဒီလိုနဲ့ ဆောင်းညဦးဆိုတဲ့သူက  ယူရီယယ့်ရဲ့ ခင်မင်ရပါသော သူငယ်ချင်း ဖြစ်လာခဲ့ပြီ။  ဒါဟာ ယူရီယယ့်ရဲ့ နေ့ရက်တွေကိုလှပစေခြင်း အကြောင်းပြချက်တွေထဲက တစ်ခု။

“ဟဲ့ ဘာတွေငေးနေတာလဲ ”

“အမလေး ဘုရားသခင်ကယ်ပါ  နင် နင်”

“အေး ငါပဲ ”

“ငါတို့ဂေဟာကို ဘယ်လိုရောက်လာတာလဲ ပိုးနုရွေခက် ”

“ငါ့ဟာငါ ဘယ်လိုရောက်ရောက်ပေါ့ နင်က ဂေဟာမှူးလား ဖာသာကြီးလား လျှာကိုရှည်တယ် မေတ္တာရိပ်မွန်ဆို
တမြို့လုံးသိတယ် အဆန်းလုပ်လို့ ”

ဟွန့် စတိုင်ကိုက မလှိုင်အပြည့်နဲ့

ယူရီယယ် သူ့မျက်စိရှေ့က​ ကောင်မလေးကို စိတ်ထဲကပဲ ချီးကျူးပေးလိုက်ပါသည်။ ဒီလို အလိုလိုက်ခံရလို့ ပျက်စီးနေတဲ့ ကလေးမျိုးနဲ့ ယှဥ်ပြိုင်စကားနိုင်လုရမှာမျိုး ယူရီယယ်မလုပ်ဖို့ ဆုံးဖြတ်ထားပြီးသား။ ရုတ်တရက် ဂေဟာကိုရောက်လာကာ သူ့ကို စကားလာပြောတာမို့ အံ့သြမှုတော့ ဖြစ်မိပါရဲ့။ အတန်းထဲမှာဆို ပိုးနုရွှေခက်က ဘယ်သူ့မှ သိပ်စကားပြောလေ့မရှိ။ အထူးသဖြင့်ယောကျ်ားလေးတွေကိုပေါ့။ သူတို့လို ဂေဟာက လူတွေအတွက်ကတော့ ရိုးနေပြီဖြစ်ပေမယ့် ပိုးနုရွှေခက်နှင့် တနေ့ စကားတခွန်းပြောနိုင်ရေး ကြိုးပမ်းနေရရှာသော သနားစဖွယ် အတန်းဖော်ကောင်လေးအချို့ကို ယူရီယယ်အမှတ်ရမိပါ၏။

ကန္တာရချယ်ရီ(BL)Where stories live. Discover now