(12)Uni+Zg

299 40 5
                                    

“အဲ့တာဆို ကိုကိုက သူ့ကိုအစောကြီးကတည်းက သိနေတာပေါ့ဟုတ်လား”

“အင်း ညီမလေးကို စကားမစပ်မိလို့မပြောဖြစ်တာ ”

“ဟွန့် မေတ္တာရိပ်မွန်ကလိမ္မာပြီးစာတော်တဲ့ကောင်လေးဆိုလို့ ဘယ်သူများလဲမှတ်တယ် လက်စသတ်တော့ ရှမ်းပဲပုတ်ဖြစ်နေတာကိုး ”

“ဘယ်လို ရှမ်းပဲပုတ် ”

“ဘာလို့အဲ့လိုခေါ်တာလဲ ပိုးနုရွှေခက် ငါ့နာမည်က ယူရီရယ်လေ ”

“အာ ကိုကိုရဲ့ ကိုကိုမသိလို့လေ သူ့ကိုအတန်းထဲက ကောင်မလေးတွေက ရှမ်းပဲပုတ်လို့ခေါ်ကြတာ ယူရီရယ်နင်က ရှမ်းပြည်ကလာတာမဟုတ်လား
အဲ့တာကြောင့်တဲ့ ”

“ဟုတ်သား ရှမ်းပဲပုတ် မင်းနဲ့လိုက်တယ်ကောင်လေး ”

အကိုဆောင်းညဦးတို့မောင်နှမရဲ့ စနောက်မှုကြောင့် ယူရီရယ် အနည်းငယ်တော့ ရှက်ကိုးရှက်ကန်းဖြစ်ပေမယ့် စိတ်အနှောင့်အယှက်တော့မဖြစ်ပါပေ။ သူ့မွေးရပ်မြေကို အစွဲပြုပြီး စနောက်ခေါ်တာ ခေါ်ပါလေ့စေပေါ့။ သူကိုယ်တိုင်လည်းသဘောကျပါသည်။

ပထမဆုံးနေ့ စတွေ့ရတဲ့အချိန်မှာပဲ အကိုဆောင်းညဦးတို့ မိသားစုကို ယူရီရယ် သဘောကျမိသွားသည်။ ဖိုးဖိုးကပြောစရာမလိုအောင် သဘောကောင်းသည့်အပြင် အကိုတို့မိဘတွေကပါ မာနကင်းပြီး လူကြီးလူကောင်းပီသစွာ သူ့အပေါ်ကြင်နာပါသည်။ သစ်ခွခြံမှာဖြစ်ခဲ့သည့် မတော်တဆမှုကြောင့် သူထိခိုက်သွားရတယ်ဆိုတော့ အားလုံးက စိုးရိမ်ပေးသည့်အပြင် ပိုးနုရွှေခက်ကိုပါ ဆူပူပေးသည့်အတွက်သူကပါ ပိုးပိုးကို ပြန်အားနာမိသည်။

အဲ့ဒီနေ့က အကိုတို့အိမ်ကိုပြန်ရောက်လာတော့ သူတို့သုံး​ယာက်သား စကားပြောဖြစ်ကြရင်း ပိုမိုရင်းနှီးသွားကြသည်။ ဂေဟာကိုတော့ အကိုတို့အဖေကိုယ်တိုင် ကားမောင်းပြီးလိုက်ပို့သည်။  သူပါလိုက်ချင်တယ်လို့ ပူဆာသောကြောင့် ပိုးပိုးနှင့် အဖေကရှေ့ခန်းမှာ အကိုနှင့်သူက ကားနောက်ခန်းမှာထိုင်လိုက်လာကြသည်။ မြို့လယ်ကိုရောက်တော့ ယူရီရယ့်အာရုံက ကန်ကူးတံတဆီမှ ကျယ်ပြန့်သော ကန်သာယာရေပြင်ဆီသို့သာ ရောက်နေသည်။ဂေဟာမှူးထံသေချာအပ်ပြီးတော့မှ အကို့အဖေကပြန်သွားသည်။

ကန္တာရချယ်ရီ(BL)Where stories live. Discover now