(1)Uni+ Zg

1.5K 74 4
                                    

“အဟွတ် ဟွတ် အင့် ရောက်ပြီလား ဦးလေး ”

မြန်နှုန်းမြင့်မြင့်နဲ့ သွားနေတဲ့ ကားက ရုတ်တရက် ရပ်လိုက်တာကြောင့် သူ မျက်လုံးဖွင့်ကြည့်လိုက်သည်။ ခဏမဆိုင်းဘဲ သူ့ဆီလာနှုတ်ဆက်တာကတော့ အညာရဲ့ ဖုန်လုံးထူထူတွေ။ ခြောက်သွေ့နေတဲ့ ရာသီဥတုကြောင့်ရော စိတ်ပင်ပန်းနေတာကြောင့်ရော လူက ကြည်ကြည်လင်လင်မရှိပါဘူးဆို ဖုန်နံတထောင်းထောင်းက ချောင်းအဆက်မပြတ်ဆိုးစေပြန်သည်။ သေချာတာကတော့ တခြားသူတွေ အမြင်မှာ သူ ဘယ်လိုမှ ကြည့်လိုအဆင်ပြေမနေနိုင်။

“မရောက်သေးပါဘူးကွာ ဒါက အခုမှ ရေယားပဲရှိသေးတယ် အဝေးကြီးလိုသေးတယ် ဒီမှာ ကားခဏနားမှာမို့ ”

ရေယား ဘာအဓိပ္ပါယ်ပါလိမ့်။ ဒီနေရာမှာရှိတဲ့ ရေတွေက ယားစေလို့လား။ သူစဥ်းစားနေတုန်း ဦးလေးကြီးကတော့ လမ်းဘေးမှာရှိတဲ့ ကျောက်စည်ပိုင်းထဲက ရေတွေခပ်ပြီး လည်ဂုတ်ကို တဖန်းဖန်းရိုက်ကာ မျက်နှာပါသစ်နေပြီ။ သူလည်း မျက်နှာသစ်ချင်သလို ရေလည်းဆာနေပြီမို့ ဦးလေးကြီးရှိနေတဲ့ ကျောက်စည်နားကို တ်ိုးသွားမိသည်။ တောင်နံရံတဖက်က စမ်းချောင်းငယ်လေးတွေမှ ရေကို ဝါးဆစ်နှင့်ခံကာ ကျောက်စည်ထဲသို့ သွယ်ထားခြင်းဖြစ်သည်။

သူလက်ခုပ်နှင့် ခပ်ကာထိကြည့်လိုက်တော့ အေးစက်စက် အထိအတွေ့ကိုရသည်။ ဒါပေမယ့် သူ ဘာမှမလုပ်ရဲသေး။ အခြေအနေကို သိပုံရသော ဦးလေးကြီးက သူ့ကို ပြုံးကာ ပြောသည်။

“ရေက သန့်ပါတယ်ကွ သောက်လ်ို့လဲရတယ် ”

“ဟို ဦးလေးကြီး ဘယ်လိုနေလဲဟင် ”

“ဟမ် ဘာကိုလဲကွ ”

“ဟို မယားဘူးလားဟင် ရေက”

“မယားပါဘူးကွ  ဘာကိုပြောတာလဲ ဟင် အော် ....ဟား ဟား ဟား ကောင်လေးကလဲ ဘာများလဲလို့ ဒါက ဒီအတိုင်း ဒီစခန်းနာမည်က ရေယားတဲ့ ဘာမှ မဟုတ်ဘူး ဒီအတိုင်း နာမည်သပ်သပ်ပဲ ”

“အော် ”

သူက တုံးအ လိုက်လေခြင်းလို့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိသည်။ ဒီလိုပုံနဲ့ သူ့ဘဝက ရှေ့ဆက်အဆင်မှပြေပါ့မလား။  အေးမြတဲ့ ရေရဲ့ အထိအတွေကို သဘောကျလို့ လက်ခုပ်အပြည့်ခပ်ကာ မျက်နှာတစ်ခုလုံး စိုရွဲနေအောင်သစ်လိုက်သည်။ ပြီးတော့ မျက်ရည်တွေကိုလည်း မမြင်စေရန်ပေါ့။  အားတင်းထားပေမယ့် အဆင်မပြေတဲ့ အခါတိုင်း ဘယ်က ဘယ်လိုရောက်လာမှန်းမသိတဲ့ မျက်ရည်တွေကိုလည်း မုန်းမိပါရဲ့။

ကန္တာရချယ်ရီ(BL)Hikayelerin yaşadığı yer. Şimdi keşfedin