prologue

24.2K 2.1K 36
                                    

Unicode

ထူးဆန်းသော ဇာတ်ကောင်သေးသေးမွှားမွှားလေးတွေမှာ ကမ္ဘာပေါင်း သုံးထောင်လောက် သရုပ်ဆောင်ခဲ့ပြီးနောက်မှာတော့ ဖန်ယွမ် တစ်ယောက် သူ့ရဲ့ ပထမဆုံးသော ရာထူးတိုးခြင်းကို ခံရ​ ပါတော့သည်။ ယခုချိန်မှပြီး သူဟာ အရံဇာတ်ကောင်နေရာတွင် တရားဝင် သရုပ်ဆောင်နိုင်တော့မည် ဖြစ်သည်။

အရံဇာတ်ကောင် အို့ ဟိုးဟိုး အရံဇာတ်ကောင်_ ဘယ်လိုတောင် ကောင်းလိုက်တဲ့ ဇာတ်ကောင်ပါလိမ့်ကွာ။
အားလုံးသိကြတဲ့အတိုင်း MarySueဇာတ်လမ်းအားလုံး၏ အဓိက ရည်ရွယ်ချက်က အရံဇာတ်လိုက်တွေနှင့် အရံဇာတ်လိုက်မတွေ ကို စိတ်ရောကိုယ်ပါ ညှင်းဆဲဖို့ပဲ မဟုတ်လား ။ များသောအားဖြင့် အရံဇာတ်ကောင်တွေဟာ အဓိကဇာတ်လိုက်နှင့် ယှဥ်နိုင်လောက်သော သြဇာအာဏာပါဝါတွေ ရှိနေပါသော်လည်း နောက်ဆုံးမှာတော့သေးငယ်သော အမှားတွေကနေ အဓိကဇာတ်လိုက်၏လက်ထဲမှာ ရှုံးနိမ့်အောင် တွန်းပို့ခံရစမြဲပင် ။

ဇာတ်လိုက်နှင့် ဇာတ်လိုက်မဆီမှာ ကျဆုံးရမည်မှာ မလွဲဧကန် ဖြစ်သော်လည်း ဖန်ယွမ် တစ်ယောက် ကျေနပ်နေဆဲပင်။ဤချစ်ဖို့ကောင်းသော ဇာတ်ကောင်က သူ့အတွက် အကောင်းဆုံးပင် ဖြစ်သည်။ ဇာတ်လိုက်နှင့် ဇာတ်လိုက်မ၏PDA က အရမ်းအားကြီးနေယုံဥစ္စာ။သို့ပေမဲ့ ကိစ္စတော့မရှိပါ။ အရံဇာတ်ကောင်မှာလည်း အတော့်ကို အဆင့်အတန်းမြင့်သည့် နေထိုင်မှုဘဝ ရှိသည်ပင်။ ထည်ဝါတဲ့အိမ် ၊ ဇိမ်ခံကား ၊ အစားအသောက်ကောင်းတွေအပြင် ခံညားတဲ့အသွင်အပြင်နှင့် ကောင်းမွန်တဲ့ပင်ကိုယ်စရိုက်တွေလည်း ရှိသေးသည်။အဓိက ဇာတ်လိုက်ရှေ့မှာ စိတ်ပျက်စရာလူအနေနှင့် သရုပ်ဆောင်ရမယ် ဆိုပေမဲ့_အဲ့တော့ရော ဘာဖြစ်လဲ _သူ ကောင်းကောင်း လုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိပြီးသားပင်။

အမြောက်စာနှစ်တွေ ကုန်ဆုံးသွားပြီမို့ ဖန်ယွမ် မျက်ရည်ကျမတတ် စိတ်လှုပ်ရှားနေမိသည်။_ဟုတ်တာပေါ့.....သူ့မှာ ကျစရာ မျက်ရည်ရော ခန္ဓာကိုယ်အစစ်ရော မရှိပေမဲ့လို့ပေါ့...

"ရှောင်ဝူ ရှောင်ဝူ ငါသဘောတူတယ်လို့ မြန်မြန် အကြောင်းပြန်လိုက်စမ်းပါ အမျိုးသားအရံဇာတ်ကောင် အုပ်စုကို ပြောင်းဖို့ သဘောတူတဲ့အကြောင်းနဲ့ ဇာတ်ကောင်ကို လက်ခံဖို့...''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now