ARC 6.10

3.4K 578 27
                                    

ARC 6.10

သူသည်ကား အကြီးအကဲတစ်ယောက်ဖြစ်သည့်အပြင် ရင်းမြစ်ကမ္ဘာတစ်ခုလုံးကို ပိုင်ဆိုင်သူဖြစ်၏။သူသည် ကမ္ဘာပေါင်းထောင်ချီကို အုပ်စိုးရသော သက်ဦးဆံပိုင်အမတဧကရာဇ် တစ်ပါးဖြစ်သည်။ဤခဏ ထိုကဲ့သို့ဒဏ္ဍာရီတွင်သည့် ဧကရာဇ်သည်ကား သာမာန်သရုပ်ဆောင်လေးတစ်ယောက်ကို အရူးအမူးချစ်ကျွမ်းဝင်နေသော အမူအရာနှင့် ပွေ့ဖက်ကာ လောကတစ်ခွင်မှအဖိုးထိုက်တန်ဆုံးသော ရတနာလေးကိုကြည့်နေသကဲ့ ယုယုယယကြည့်နေ၏။

ဤမြင်ကွင်းကို တွေ့လိုက်ရသည့်လူတိုင်း မည်သူမှယုံကြည်နိုင်မည်မဟုတ်။ထိုပုဂ္ဂိုလ်သည် ဒဏ္ဍာရီထဲမှ အမြင့်မြတ်ဆုံးသောတည်ရှိမှုဖြစ်သည့်အတွက် သူ့နောက်နှစ်ပေါင်းများစွာ လိုက်ပါခစားလာခဲ့ကြသော သူ၏ သစ္စာရှိ သွေးသောက်ရဲဘက်များလျှင်ပင် မယုံကြည်လောက်။

ဤမြင်ကွင်းကို မျက်မြင်ဒိဠ တွေ့လိုက်ရပြီးနောက် စည်းမျဥ်းပြဌာန်းသူများထဲမှ တစ်ယောက်ဖြစ်သော အရှင်ဟူဂန် သည်ချက်ချင်းလှည့်ကာမေးလိုက်၏။
''လောင်သ ကျွန်တော် ပုံရိပ်ယောင်ထောင်ချောက်ထဲမှာပဲ ပိတ်မိနေသေးတာလားဟင်!! ဒါ...ဒါ....ဒါကြီးက လုံးဝမဖြစ်နိုင်တာကြီးကို! !''

လီယန်လုံ သည်သူ့ကိုဖျက်ခနဲစိုက်ကြည့်ပြီး ပြောလိုက်သည်။
''မင်းဆက်ကြည့်နေရင် ပုံရိပ်ယောင်ထောင်ချောက်ထဲ ပိတ်မိတာထက် အဆတစ်သောင်းပိုဆိုးတာနဲ့ အဆုံးသတ်မှာကို ငါစိုးရိမ်မိတယ်''

ဟူဂန်သည် လက်တစ်ဖက်ဝှေ့ယမ်းကာ အတုန်တုန်အယင်ယင်နှင့် သူကိုင်ထားသော  ယောင်ရွှမ်းကြေးမုံ ကိုအမြန်သိမ်းလိုက်သည်။

သူ၏ ယန်ရွှမ်းကြေးမုံ နှင့် လီယန်လုံ၏ ချင်ခွမ်း ယပ်တောင် နှစ်ခုလုံးသည် အမတလက်နက်များဖြစ်ကြသည်။သူ့ကြေးမုံသည် ချင်ခွမ်းယပ်တောင် လောက် မစွမ်းသော်လည်း ကမ္ဘာတစ်ခုချင်းစီတွင် ဖြစ်ပျက်နေသည့်အရာအလုံးစုံကို ဖမ်းယူကြည့်ရှုနိုင်စွမ်းရှိသည်။ ထို့ကြောင့်ပင် သူသည် မကြာခဏဆိုသလို ချုံခိုတိုက်ခံရလေ့ရှိသည်။အဲ့မိစ္ဆာကောင်တွေက သူ့ကြေးမုံကိုလုပြီး ယန်ကျွေ့ကို ရှာချင်နေကြတာ!!

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now