ARC 8.7

3.2K 583 12
                                    

ARC 8.7

ယခု ထိုသဘောတူညီချက်ကို ပြန်အစပြုလာပြီဖြစ်သည်။ထိုကိစ္စအကြောင်းဆိုလျှင် ကျန်းဟူလောကသို့ တစ်ကျော့ပြန် ခြေရာကောက်ရမည်ဖြစ်၏။ဖန်ယွမ်တစ်ယောက် ''ပိုင်ယွမ်'' ဖြစ်နေဆဲအချိန်က သူနှင့်သူ၏ ''အာဏာရှင်Daddy'' သည် မနာလိုအားကျဖွယ်ကောင်းလောက်စရာ အမတစုံတွဲအဖြစ် မိစ္ဆာဂိုဏ်းတွင် နှစ်ယောက်တစ်ကမ္ဘာတည်ခဲ့ကြ၏။သူတို့သည် နေ့စဥ်နေ့တိုင်း နေရာအသစ်များနှင့် ပုံစံအသစ်များ စူးစမ်းရှာဖွေရင်း အချိန်ကုန်အလုပ်ရှုပ်နေခဲ့ကြသည်။

တိုက်လေပြေတို့ တသုန်သုန်တိုက်ခိုက်နေသော နှလုံးမွေ့ဖွယ် ငွေစန္ဒာ အလင်းရောင်ဖြာနေသည့် တစ်ခုသောညဝယ် ဂိုဏ်းသခင်သည် သူ၏ချစ်လှစွာသော မွေးစားသားလေးကိုရင်ခွင်ပိုက်ရင်း မိစ္ဆာဂိုဏ်း၏ စတေးခံ ယဇ်ပလ္လင်စင်မြင့်ရှိရာထက် ဦးတည်သွားနေ၏။ထိုနေရာသည်ကား မိစ္ဆာဂိုဏ်းတွင်အမြင့်ဆုံးနေရာဖြစ်သည်။ထိုနေရာမှနေ၍ ချောင်လန်တောင် တစ်ခုလုံး၏မြင်ကွင်းကို အပေါ်စီးမှရှုစားနိုင်ပေသည်။လူတို့၏ နှလုံးသား နူးညံ့မူးယစ်သွားအောင် တကယ့်ကို လှပလွန်းလှပေသည်။

သို့သော်  ဤနေရာသို့ ရှုခင်းကြည့်ရန် လာမည်မဟုတ်ကြမှန်း ထင်ရှားပါ၏။ရာစုနှစ်များစွာထဲက ယဇ်ပလ္လင်စင်မြင့်သည်ကား စတေးခံတို့ကို ဘိုးဘေးတို့ဆီ ပူဇော်လေးမြတ်ရာ နေရာဖြစ်သည်။ထိုနေရာတွင် ဘယ်သူမှ မရှိသည်မှာမှန်သော်လည်း လူတွေကို ကြောက်ရွံ့ထိတ်လန့်စေသည့် နေရာပင်။

ဖန်ယွမ်သည် အပေါ်ဝတ်ရုံတစ်ထည်ထဲကိုသာ ဝတ်ဆင်ထားသည့်အတွက် အေးစက်လာ၏။ယန်ကျွေ့ သူနှင့် ဘယ်လိုတွေ စခန်းသွားတော့မလဲ တွေးကြည့်လိုက်မိသည့်အခါတွင်မူ စိတ်လှုပ်ရှား တက်ကြွလာတော့၏။ယန်ကျွေ့သည်လည်း နတ်ဆိုးသေးသေးလေး ဘာတွေတွေးနေလဲ ဖောက်မြင်လိုက်ပါသည်။ အမြန်ပင် သူသည် အပေါ်ဝတ်ရုံကို ဆွဲချွတ်လိုက်ကာမြေပေါ်ပြန့်ကျဲစေပြီးနောက် ဖန်ယွမ်ကို ပစ်လှဲကာ ဖိချလိုက်တော့သည်။

အချစ်စစ်နယ်မြေထဲ နှစ်ဦးသား နစ်မြုပ်ပျော်မွေ့နေမိကြစဥ် အငယ်သားတပည့်စုံတွဲတစ်တွဲသည်လည်း ထိုနေရာသို့ ချိန်းတွေ့ရန်အတွက် လာနေ၏။ရုတ်တရက်အသံကြားလိုက်ရသည့်အခါ ဖန်ယွမ်ဝိဉာဏ်လွင့်လုနီးပါးပင်။သူ၏ ခန္ဓာကိုယ်သည် ကြောက်လန့်တကြားတုန်ရီသွားပြီးနောက် ယန်ကျွေ့၏လက်ပေါ်ပြီးမြောက်သွား၏။ဖန်ယွမ်၏ နေရာလေးကျုံ့သွားသည်ကို ယန်ကျွေ့ခံစားလိုက်ရသည့်အခါ သူ၏အကြည့်များက ပို၍မှောင်မိုက်နက်ရှိုင်းလာ၏။ရပ်တံ့ရမည့်အစား သူကပို၍ ကြမ်းတမ်းပြင်းထန်လာ၏။

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now