ARC 3.1 (အနှစ်သက်ဆုံး ကိုယ်လုပ်တော်)

13.8K 1.5K 153
                                    

ARC 3.1(အနှစ်သက်ဆုံး ကိုယ်လုပ်တော်)

လှပသော နားနေရာ ခန်းဆောင် တစ်ခု၏ဘေး ကြာပန်းမျိုးစုံတို့ ပွင့်ဖူးနေကြသော ရေကန်သာအလယ် လှေငယ်ကလေးသည် လေနှင်ရာအတိုင်း ဖြည်းညှင်းစွာ မျောပါလျက်ရှိသည်။

အပြာရောင်ဝတ် အစေခံတစ်ဦးသည် ကမ်းစပ်တလျှောက်ပြေးလိုက်နေရင်း အော်ဟစ်ပြောဆိုနေသည်။
"ဒုတိယသခင်လေး...ဒီကျွန်အိုကြီး တောင်းပန်ပါတယ်.....ပင်မဧည့်ခန်းဆီ...ဒီကျွန်နောက်က မြန်မြန်လိုက်ခဲ့ပေးပါ....သခင်ကြီး စောင့်နေရလို့ရှိရင်...သခင်လေးကို အပြစ်ပေးနေလိမ့်မယ်....''

အဖြူရောင်ဝတ်စုံနှင့် အမျိုးသားလေးသည် လှေငယ်လေးပေါ်မှ ဖြည်းညှင်းစွာ ထထိုင်လိုက်ကာ...ကန်ထဲမှ ကြာရွက်တစ်ရွက်ကို ဆက်ခနဲ ခူးယူလိုက်သည်။သူသည် ပြေ လျော့နေသောဆံနွယ်များကို အဖြူရောင်ကြိုးလေးတစ်ချောင်းဖြင့် ရစ်နှောင်နေရင်း..လှေငယ်လေးကို ကမ်းစပ်သို့ စိမ်ပြေနပြေ ဦးတည်စေလိုက်သည်။

အပြာရောင်ဝတ် ထိုအစေခံသည် စိတ်မရှည်ဖြစ်လာပြီး...အဖြူရောင်နှင့်လူငယ်လေးဆီ တဟုန်ဟိုးပြေးသွားကာ အင်္ကျီလက်ကို ဖမ်းဆွဲလိုက်သည်။သူသည် သခင်လေးဖြစ်သူကို ဆွဲခေါ်နေရင်း ပြောဆိုလာ၏။
"ချစ်လှစွာသော သခင်လေးရယ်....သခင်လေး နောက်ကျလို့ရှိရင်..ဒီကျွန်အိုကြီး...သခင်ကြီးနဲ့..ဂုဏ်သရေရှိဧည့်သည်တို့ကို ဘယ်လိုရှင်းပြရတော့မလဲ??''

အဖြူရောင်ဝတ်စုံနှင့် ယောကျ်ားပျိုသည် အစေခံဖြစ်သူ၏ အရိုအသေမဲ့ အပြုအမူများကို အရေးမစိုက်ဘဲ သူ့နောက်မှသာ ပင်မဧည့်ခန်းဆီ ထွက်လာခဲ့တော့သည်။

"ဒင်..သခင်ရေ.စိတ်မပါလက်မပါနဲ့.. လေးတိလေးကန် လုပ်နေလို့ မဖြစ်ပါဘူးနော်''

"ဒီလို အစုတ်အပြတ် ဇာတ်ကြောင်းမျိုးကို...ငါ..စိတ်မပါလက်မပါနဲ့..သရုပ်ဆောင်ပေးတာကတောင် ငါတော်တော် မျက်နှာသာပေးထားတာကွ သိရဲ့လား??''

"ဒင်......''သခင့်ရဲ့...စိတ်နေစိတ်ထားကတော့ တစ်နေ့တခြား ပိုပို ဆိုးလာသလိုပဲ??

ဖန်ယွမ်ပြောသော ထိုအစုတ်အပြတ် ဇာတ်အိမ်က MarySueဝတ္ထုတစ်ပုဒ်အနေနဲ့...စဥ်းစားကြည့်လျှင်.....ထိုမျှလောက် မဆိုးပါချေ။ --------dramaလိုချင်သူတွေအတွက် Dramaပါတယ်....ယုတ္တိရှိရှိဇာတ်လမ်းကိုမှ ကြိုက်တဲ့လူတွေအတွက်လဲ..တကယ့်ကို ယုတ္တိရှိပါပေတယ်........ဇာတ်လိုက်မ က IQတော်တော်နိမ့်တဲ့ ငတုံးမ ကြာပန်းဖြူ ဖြစ်နေတာတောင်....ဇာတ်လိုက်နဲ့..ဇာတ်ပို့တွေက...အဆုံးသတ်မှာ...ဇာတ်လိုက်မရဲ့ ဆွဲဆောင်မှုကနေ ရုန်းမထွက်နိုင်ဘူးတဲ့....

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now