ရင်းမြစ်ကမ္ဘာသို့ ခြေရာကောက်ကြောင်း 3

1.9K 362 8
                                    

Chapter 103

Trigger warning: Suicidal thoughts

အဖြူရောင်လွှမ်းခြုံနေသော ဆေးရုံဝါဒ့်တစ်ခုအတွင်း အသက်15,16ခန့်သာရှိသေးမည့် ကောင်လေးတစ်ယောက်ထိုင်နေ၏။ သူ၏နက်မှောင်နေသာ ဆံနွယ်တို့ကို ဖြစ်ကတတ်ဆန်း ညှပ်ထားကာ ရှေ့ဆံမြိတ်တို့က မျက်တောင်တို့အထိဖုံးအုပ်နေ၏။နှာတံမြင့်မြင့်ထက် အနက်ရောင်ဘောင်ထူထူ မျက်မှန်တစ်လက်ကို ဝတ်ဆင်ထားသ​ည်။ ထူထဲသည့်မျက်မှန်အောက် အနက်ရောင်မျက်ဝန်းတစ်စုံက ရေသေလို အလား အသက်မဲ့စွာ။

ကောင်လေးသည် သူ့ရှေ့မှအမျိုးသမီးကို မျက်နှာသေနှင့်သာ စိုက်ကြည့်နေသည်။ အသက်40နီးပါးရှိနေပြီဖြစ်သော ဒုတိယအိမ်ထောင်ထူထောင်ထားသည့် အမျိုးသမီးသည် သူ့မွေးမိခင်ရင်းဖြစ်ကာ ခရမ်းနုရောင်brandedဝတ်စုံကို ဝတ်ဆင်ထား၏။ သူ(မ)၏ အသွင်သဏ္ဍာန်က လှပသည့်တိုင် အဆိပ်ပြင်းသော ပူလောင်လွန်းသည့်အလှ။စိတ်ထားကလည်း မာနကြီးကာ သွေးအေးလွန်းလှသည်။သူ(မ)မျက်ဝန်းထဲ သူ့အတွက် ကြင်နာဂရုဏာဟူသည် တစ်စွန်းတစ်မျှမရှိ။သူ(မ)ဆယ်လကျော် ဝမ်းနှင့်လွယ်မွေးခဲ့သည့် သားမဟုတ်ဘဲ သူစိမ်းတစ်ယောက်အလားပင်။

သွေးကရေထက်ပျစ်သည်ဟူသော မိခင်နှင့်ကလေးကြားမှ ချစ်မေတ္တာဆက်နွယ်မှုက ဤအမျိုးသမီးအတွက်တော့ လုံးဝမဟုတ်ပါပေ။မဟုတ်လျှင် သူ ဒုက္ခိတ တစ်ယောက်အဖြစ် ဤဆေးရုံခုတင်ပေါ် ဘယ်ရောက်နေလိမ့်မည်နည်း။

ဖန်ဟုန်သည် သူ(မ)လက်ချောင်းကြားထဲမှ အငွေ့တလူလူ စီးကရက်ကို ခပ်ဖွဖွ လှုပ်လိုက်ပြီးမှ အနီရောင်နှုတ်ခမ်းလွှာတို့ဆီ ပို့လိုက်ပြီး  ခပ်ဖွဖွ ရှိုက်လိုက်သည်။နောက်ထပ် အဖြူရောင် မီးခိုးငွေ့တစ်ကွင်းကိုမှုတ်ထုတ်လိုက်ပြီးမှ
'' ဒီလောက်ဆိုရင်တော့ မှတ်ပြီမလား ''

ဖန်ယွမ်၏ လက်ဆယ်ချောင်းလုံးသည် အိပ်ရာခင်းကို ခပ်တင်းတင်း ဆွဲဆုတ်လိုက်မိပြီးနောက် လက်ဆစ်တို့ဖြူဖျော့သွားတော့သည်။သူ့အသံက ဖျော့တော့အက်ကွဲနေကာ ရင်ကွဲအသံနှင့်
'' ကျွန်တော်ပြောခဲ့ပြီးသား ၊ သူက ကျွန်တော့်ဆီလာခဲ့တာလို့ ၊ ကျွန်တော့်မှာသာအဲ့အချိန်က ဓားမရှိခဲ့ရင် သူအကြမ်းဖက်တာကိုခံခဲ့ရလောက်ပြီလို့ ''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now