ARC 6.12 (Final)

3.5K 621 21
                                    

ARC  6.12 (Final)

ဖန်ယွမ်သည် စိတ်ထဲမုန်တိုင်းဝင်မွှေသွားသလို ခံစားလိုက်ရသည်။တခဏတာ ကြောင်အမှင်သက်နေပြီးမှ စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်လျှင်ကပ်ခြင်း ချာခနဲလှည့်၍တံခါးကိုပိတ်လိုက်သည်။ကံကောင်းလို့ သူအားအများကြီးမသုံးလိုက်လို့ တံခါးကကျိုးမသွားသေးဘူး!

ကောင်းဆွေ့သည် အရူးလေးလို ထုံထုံအအမင်သက်နေသည့်အတွက် ဖန်ယွမ်သည်သူ့ကိုကူတွဲကာ အခန်းအပြင်သို့ခေါ်ထုတ်ပေးရသည်။သူသည် ကန့်လန့်ကာကို ချလိုက်ရင်းအသံတိုးတိုးဖြင့်ပြောလိုက်သည်။''ရှောင်တိ အဝတ်အစားအရင်ဝတ်လိုက်အုံး ပြီးမှစကားပြောကြတာပေါ့''

ရှောင်ကျစ်ယွင် သည်အလွန် ရှက်ရွံ့ထူပူနေသည့်အတွက် နားလည်ကြောင်းအသံတိုးတိုးသာ ပြန်ပေးလိုက်သည်။

ကောင်းဆွေ့အန်းသည် သူ၏အခန်းဆီသို့ ဖန်ယွမ်၏ဆွဲခေါ်သွားခြင်းခံရသည်။ထိုအချိန်အတွင်း သူသည် လုံးဝလိပ်ပြာလွင့်နေ၏။ဖန်ယွမ်က အဝတ်အစားတစ်စုံကိုသူ့ဆီပစ်ပေးကာ အမြန်ဝတ်ဖို့ပြောလာသည့်အချိန်မှသာ စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်တော့သည်။

ကောင်းဆွေ့ ၏မျက်လုံးများသည် လက်ဖက်ရည်ပန်းကန်ပြားများလောက် အပြူးသားနှင့်__ အလွန့်ကို စိတ်ချောက်ချားနေပုံရသည်။ဗလုံးဗထွးနှင့် အထစ်ထစ်အငေါ့ငေါ့ ပြောလာ၏။
''ပိုင်- ပိုင်- ရောင်းရင်းပိုင်....ရှောင် ရှောင်ကျစ် သူက..........''

ဖန်ယွမ် တည်ငြိမ်စွာဆက်ပြောပေးလိုက်သည်။ ''မိန်းကလေးတစ်ယောက်''

ကောင်းဆွေ့၏ ခန္ဓာကိုယ်သည် ချက်ချင်း တုန်လှုပ်လာပြီးနောက် ထိုင်ချကာ လက်ဖက်ရည်တစ်ခွက်ငှဲ့ရန်ကြိုးစားလိုက်သည်။သို့သော် သူ၏လက်မျာက အလွန်တုန်ယင်နေသည့်အတွက် လက်ဖက်ရည်များကခွက်အပြင်ဘက်သို့သာ အဖိတ်ဖိတ်အစင်စင်ဖြစ်ကုန်သည်။

ဖန်ယွမ်သည် ဇာတ်လိုက်၏တုံးအမှုကြီးကြောင့် စိတ်လေသွားတော့သည်။ အဲ့နှစ်ယောက်ဟာ ရင်ချင်းဆက်ထားသလို နေ့တိုင်း တစ်ယောက်နဲ့တစ်ယောက် ကပ်တွယ်ပြီး ချစ်ကြည်နူးတီတစ်တူးနေကြတာမဟုတ်ဘူးလား! သူ တစ်ခုခုတော့ သတိထားမိသင့်တယ်လေ! ဒါကို ဒီအရူးကောင်က လုံးဝသတိမထားမိတဲ့အပြင် ''ကော ~ ဒီမှာ '' ''ရှောင်တိ ~ဟိုမှာ'' နဲ့ ပျော်ပျော်ရွှင်ရွှင် ဇာတ်လမ်းဆက်ရိုက်နေကြသေးတယ်!!အဓိကအချက်က အဲ့လိုအခြေအနေမှာတောင် တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေပေါက်ဖွားလာသေးတယ်!! ဒါကြီးက BG ယောင်ဆောင်ထားတဲ့ BL ကြီးမဟုတ်လားကွ!!!

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now